Thursday, September 13, 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိက ခရီးစဉ် ဇေယျာသော်နှင့် ဦးဖြိုးဇေယျာသော်နဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဒေါက်တာတင်မာအောင်တို့ လိုက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရက် ၂၀ ကြာမြင့်မယ့် အမေရိကန်နိုင်ငံ ခရီးစဉ်ကို စက်တင်ဘာလ ၁၆ ရက်မှာ စတင်ဖို့ရှိနေပါတယ်။ ဒီခရီးစဉ်ထဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားဖွယ်ရှိနေပြီး NLD ပါတီက အခြား လွှတ်တော်ကိုယ်စားလှယ်အချို့လည်း လိုက်ပါဖွယ်ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ခ
ျုပ်က ပြောပါတယ်။ ဒီခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy မှာ စတက်တင်လာ ၂၀ ရက်နေ့ မိန့်ခွန်းပြောကြားမှာလည်းဖြစ်ပါတယ်။ အဲ့ဒီ နောက် မြန်မာအများဆုံးနေထိုင်တဲ့ ဆန်ဖရန်စစ္စကို ကိုလည်းသွားရောက်ရှိနေပြီး အောက်တိုဘာလ ၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာလဲဖြစ်ပါတယ်။
From -DVB

No comments:

Post a Comment