Tuesday, September 18, 2012

ယာဉ်ကြောပိတ်၍ ဒဂုံတက္ကသိုလ်ကျောင်းသားအချို့ စာမေးပွဲဖြေဆိုချိန်နောက်ကျခဲ့ရ

ဒဂုံတက္ကသိုလ်သွားရာလမ်းတလျောက် ယာဉ်ကြောပိတ်၍ စာမေးပွဲဖြေဆိုသူကျောင်းသား အချို့ ဖြေဆိုချိန်နောက်ကျခဲ့ကြကြောင်း သိရသည်။ ၎င်းတက္ကသိုလ် ရူပဗေဒဌာနမှအခန်းစောင့် ဆရာတစ်ဦးက လမ်းပိတ်မှုမှာ ယခင်ကထက်ပိုဆိုးလာပြီး စာမေးပွဲအခန်းစောင့်ဆရာ ၊ဆရာမတို့ နောက်ကျ၍ မေးခွန်းအချိန်မှီမဝေနိုင်မည်ကို စိုးရိမ်ခဲ့ကြရကြောင်းပြောသည်။ ဒဂုံတ္ကသိုလ်သို့
သွားရာ မ.၀.တ မှတ်တိုင်မှ ၇/၈ လမ်းဆုံနှင့် ဘုန်းကြီးကွေ့အထိ ကားတန်းကြီး ပိတ်နေရာ ကျောင်းချိန်မီရန်အတွက် ကားပေါ်မှဆင်းကာ လမ်းလျောက်သွားခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။ မနက်ပိုင်း ၈နာရီခွဲမှ ၁၁ နာရီခွဲအထိ ဒုတိယနှစ်နှင့် တတိယနှစ်အတန်းမှကျောင်းသား ၇ ထောင်ကျော်ခန့် ၊ နေလည် ၁နာရီမှ ၃နာရီအထိ ပထမနှစ်ကျောင်းသား ၃ ထောင်ကျော် ဒဂုံတက္ကသိုလ်၌ စာမေးပွဲဖြေဆိုလျှက်ရှိကြသည်။ထိုစာမေးပွဲအချိန်တွင် ယခုလိုကားလမ်းပိတ်ဆို့မှုများ မကြုံတွေ့နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်စီစဉ်ပေးသင့်ကြောင်း ၎င်းတက္ကသိုလ်မှဆရာဆရာမများကပြောသည်။
From -ပေါ်ပြူလာ

No comments:

Post a Comment