Tuesday, September 18, 2012

လူ ၃၀၀မှာ ၁၅၀ဟာ ထောက်လှမ်းရေးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး

လူ ၃၀၀မှာ ၁၅၀ဟာ ထောက်လှမ်းရေးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတာ သေချာ သိဖို့ ကောင်းတယ်။ နောက်တစ်ခုက အန်တီ့သားဆို ၁၄ နှစ်သား လေးပဲ။ ၁၄ နှစ်သား ကျော်ကျော်လေးကို ထောက်လှမ်းရေး ဗိုလ်ကြီးလို့ စွပ်စွဲ လိုက်ကတည်းက သူတို့က တော်တော် ရယ်စရာကောင်းတဲ့ ပြက်လုံး တစ်ခုကို လက်ခံလိုက်တာပဲ။


အမှန်တကယ် ကတော့ လုပ်တဲ့သူကတော့ ကိုယ်ကျူးလွန်တဲ့ အပြစ်ကို အပြစ်တစ်ခု လုပ်ရင် အပြစ်တစ်ခုကို ပြန်ပေးဆပ် ရမှာပဲလေ။

သူတို့ ဖြစ်ပါစေ တော့ ဆိုတဲ့ စေတနာတော့ အန်တီ့မှာ မရှိပါဘူး။ ဒါပေမဲ့ တကယ် ကျူးလွန်တဲ့ သူတွေကတော့ သူတို့အပြစ်ကို သူတို့ ယောက်ျားပီပီ ရဲရဲဝံ့ဝံ့ ဝန်ခံ စေချင်တယ်။ အန်တီတို့ကို သူတို့ က ရဲရဲဝံ့ဝံ့ ဒီလိုပြောခဲ့တာ။ ကျွန်တော်တို့ ဘက်က တစ်ယောက် မှားပြီး ဖတ်ခဲ့ရင်တောင် မှ ပြည်သူ့ ခုံရုံးရှေ့မှာ ကြိုးစင်တက်ပြပါ့မယ်လို့ ရဲရဲဝံ့ဝံ့ ဒီလိုပြောခဲ့တာ။ အဲဒီ စကားအတိုင်း တည်ပါစေ၊ ယောက်ျား ပီသပါစေ၊ ကိုယ်ပြောတဲ့ စကားတွေ ကိုယ်တာဝန် ယူကြပါလို့ ပြောချင်တယ်။

သူတို့ တိုင်းပြည်ထဲကို ပြန်ဝင်လာတာနဲ့ ပတ်သက်ပြီး အန်တီ အရမ်း ဝမ်းသာတယ်။ ကြိုဆိုပါတယ်။ မြန်မာပြည်သားတွေဟာ မြန်မာပြည်နဲ့ တစ်သက်လုံးကြီး ကင်းကွာပြီး မနေနိုင်ပါဘူး။ နေတယ်ဆိုလည်း အိမ်လွမ်းကြ မှာပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်ရေ ကိုယ့်မြေနဲ့ ကိုယ့်ဟာကိုယ် ရှင်သန်ချင်ကြ မှာပါ။

စက်တင်ဘာလ ၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်ပါ ‘ ကိုဘိုဘို (စမ်းချောင်း)၏မိခင် ဒေါ်မြင့်မြင့်ကြည်နှင့် တွေ့ဆုံခြင်း’ မှ ကောက်နုတ်ချက်
 
From -TheVoiceWeekly

No comments:

Post a Comment