Friday, September 28, 2012

“ကန်-မြန်မာဝန်ကြီးအဆင့် ဆွေးနွေးပွဲ အောက်တိုဘာလအတွင်း ကျင်းပရန်ရှိကြောင်း သိရ”

အမေရိကန်-မြန်မာ ၀န်ကြီးအဆင့် အပြန်အလှန် ဆွေးနွေးပွဲတစ်ခု ကို အောက်တိုဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်တွင် ကျင်းပပြုလုပ်
မည်ဟု သတင်းရရှိသည်။
အမေရိကန်နိုင်ငံ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုအရ သွားရောက်ကျင်း ပပြုလုပ်ခြင်းဖြစ်သည်ဟု ပံ့ပိုးကူညီမှုပြုပေးနေသည့် မင်္ဂလာမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောကာ ယခုကဲ့သို့ ကျင်းပပြုလုပ်ခြင်း သည်ဒုတိယအကြိမ်မြောက် ဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

မြန်မာဘက်က သမ္မရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး သူရဦးသောင်းလွင်တို့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့မှာ စက်တင်ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာကြမည်ဖြစ်ရာ နိုင်ငံတော်သမ္မတ၏ အကြံပေးများ၊ နိုင်ငံရေးပါတီအချို့နှင့် မြန်မာလူမှုအဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်တို့ကပါ လိုက်ပါ၍ ပါဝင်ဆွေးနွေးကြမည်ဟု သိရှိရကာ အမေရိကန်ဘက်မှလည်း အစိုးရတာဝန်ရှိသူတို့နှင့် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်တို့ တက်ရောက်ကြမည်ဟု သတင်းရရှိသည်။
From-PopularNewsJournal

No comments:

Post a Comment