Thursday, September 13, 2012

လွှတ်တော်ကနုနု မုန်တိုင်းကထန်ထန်



လွှတ်တော်ကနုနု မုန်တိုင်းကထန်ထန်
အပိုင်း(၁)

ဦးပြည့်စုံ                 ဗျို့ ဦးကောင်းမွန် ဘယ်နေ့က ပြန်ရောက်လည်းဗျ .. နေကောင်းကျန်းမာရဲ့လား။
ဦးကောင်းမွန်           ကောင်းပါတယ်ဗျာ စက်တင်ဘာ ၇ ရက်နေ့က လွှတ်တော်နားတယ်လေဗျာ
မနေ့က ပြန်ရောက်တာဗျ.. ခင်ဗျားကော နေကောင်းရဲ့လား။
ဦးပြည့်စုံ                 ကောင်းပါတယ်ဗျာ ဒီတစ်ခေါက် ခင်ဗျားတို့ ကိုယ်စားလှယ်ကြီးတွေ လွှတ်တော်
ထဲမှာ အကြိတ်အနယ်ကို ဆွေးနွေးနေကြပါလားဗျ။
ဦးကောင်းမွန်           ဟုတ်တယ်ဗျ လွှတ်တော်နားခါနီးလေးမှာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ အသက်ဝင်
လာတယ် ပြောရမှာပေါ့ဗျာ။
ဦးပြည့်စုံ                 အသက်ဝင်လာတာတော့ဟုတ်ပါပြီဗျာ… တိုင်းပြည်အတွက်လည်းမဟုတ် ပြည်သူ
အတွက်လည်းမဟုတ် အကြိတ်အနယ် ဆွေးနွေးတာကလည်း ကိုယ့်အတွက်
ကိုယ် ပြည်ထောင်စုအဆင့် သတ်မှတ်ခိုင်းနေကြပါလားဗျ။

ဦးကောင်းမွန်           ဒါကတော့ဗျာ အခြေခံဥပဒေနဲ့ လုပ်ကြတာလေဗျာ။
ဦးပြည့်စုံ                 ဟုတ်တော့ဟုတ်နေပြီဗျို့ ခင်ဗျားတို့ကိုယ်စားလှယ်တွေကလည်း အခြေခံဥပဒေ
အတိုင်း ခုံရုံးအဖွဲ့ကလည်း အခြေခံဥပဒေအတိုင်း ဘာတွေလည်းဗျာ နားတောင်
မလည်တော့ဘူး ဘယ်သူမှားလို့ ဘယ်သူမှန်လဲ မသိတော့ဘူး။
ဦးကောင်းမွန်           မှားတာက အစကထဲက မှားတာဗျ တင်သွင်းတာကို အခြေခံဥပဒေ ပုဒ်မ
၃၂၅(က)အရ သမ္မတကိုယ်တိုင် တိုက်ရိုက်တင်သွင်းရမယ် ဆိုတာကို
ပြည်ထောင်စုရှေ့နေချုပ်က တင်တော့ ဥပဒေနဲ့ မညီဘူးပေါ့ဗျာ။
ဦးပြည့်စုံ                 ဟာ အဲဒါဆိုရင်လဲ အစကထဲက ပြောပြီး ဖြေရှင်းညှိနှိုင်းကြပေါ့ဗျာ အခုတော့
အကျယ် အကျယ်နဲ့ ရှုတ်ကုန်ပြီ မဟုတ်လား။
ဦးကောင်းမွန်           အကျယ်အကျယ်နဲ့ရှုတ်ကုန်ပြီ ဆိုတာတော့မှန်တယ်ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေ
ခုံရုံးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ရာမှာ ဖွဲ့စည်းပုံ
အခြေခံဥပဒေပုဒ်မ၄၄၆အရ ပြည်ထောင်စုလွှတ်တော်ကပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မရှိသေးဘဲ  တည်ဆဲဥပဒေဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးရဲ့ ဆုံးဖြတ်တာ ဟာ မှားတယ် ဆိုပြီး အကြိတ်အနယ်ဖြစ်ကြတာဗျ။
ဦးပြည့်စုံ                 အေးဗျာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူနဲ့တိုင်းပြည်အကျိုး
အလေးထားပြီး ဆောင်ရွက်နေရမယ့်အချိန်မှာ ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့
ကိုဦးစားပေး ဆွေးနွေးငြင်းခုံနေကြတာ ဘယ်ကောင်းမလဲဗျာ။
 
ဦးကောင်းမွန်           ဒါကတော့ဗျာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အငြင်းအခုံဖြစ်ကြတာဆိုတော့ ပြဿနာ
လို့မထင်ပါဘူးဗျာ ဒါပေမယ့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစား
ရမှာဗျ။ အဲဒါကို မစဉ်းစားဘဲ ပြည်ထောင်စု အဆင့်မှ ပြည်ထောင်စု အဆင့် ဖြစ်တော့လည်း ထောပြီဆိုတော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေလည်း ဆုတ်လည်းဆူး၊ စားလည်းရူးပေါ့ဗျာ။
ဦးပြည့်စုံ                 အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးအဖွဲ့ကလည်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သေး
တယ်လေ အခြေခံဥပဒေပုဒ်မ ၃၂၄ အရ '' နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည် '' လို့ ပါတယ် လေဗျာ ဘာလို့ မပြီးပြတ်တာတုန်းဗျ။ တရားဥပဒေအရ တဖက်နဲ့ တဖက် လေးလေးစားစား ဖြေရှင်းကြဖို့ လိုတာပေါ့ဗျာ ပြည်သူတွေ ကလည်း ကိုယ်စားလှယ်တွေအပေါ် တမျိုးထင်ကုန်ကြပြီနော် နားလည်အောင်တော့ ရှင်းပြဖို့လိုလိမ့်မယ်ဗျာ ပြည်သူကိုယ်စားလှယ်မဟုတ်ဘဲ ကိုယ့်အတွက် ကိုယ်လုပ် တဲ့ ကိုယ်စားလှယ်တွေဖြစ်ကုန်လိမ့်မယ်နော်။
ဦးကောင်းမွန်           ပြည်ထောင်စုအဆင့်ရဲ့ ခံစားခွင့်နဲ့ ရပိုင်ခွင့်ကလည်း အားကျစရာကိုးဗျ။
သို့သော်လည်း ကျွန်တော်တို့က ခံစားခွင့်နဲ့ရပိုင်ခွင့်ကို မက်မောလို့မဟုတ်ဘူး ဆိုတာ ပြည်သူတွေ သိအောင် ကျယ်ကျယ်လောင်လောင်ပြောပြီးပါပြီ၊ ဒါပေမဲ့ လုပ်ပိုင်ခွင့်တွေ လိုခြင်လို့ဆိုတာတော့ဘယ်သူမှ ပြောမထားပါဘူး။ ပထမ ကတော့ ပြည်ထောင်စု အဆင့်ဖြစ်မှ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအဖွဲ့တွေနဲ့ တန်းတူရည်တူ အပြန်အလှန် ထိန်းကျောင်းမှုတွေ ဆောင်ရွက်နိုင်အောင် လို့ တောင်းဆို ရင်းနဲ့ပဲ ပြည်ထောင်စုအဆင့်ကို အားကျပြီး အခွင့်အရေးလေး ရမလားလို့ပေါ့ဗျာ။
ဦးပြည့်စုံ                 အပြန်အလှန်ထိန်းကြောင်းတယ်ဆိုတဲ့ စကားလုံးကတော့ လှတယ်ဗျာ အဓိက
ကတော့  ဝင်စွက်ဖက်တာနဲ့ ဘာထူးလည်းဗျာ။
ဦးကောင်းမွန်           နိုင်ငံရေးလုပ်တယ်ဆိုတာ စကားလုံးကို အတတ်နိုင်ဆုံးလှအောင် သုံးရတယ်
ဆိုတာ ခင်ဗျားလည်းသိသားနဲ့ဗျာ။
ဦးပြည့်စုံ                 နောက်ဆုံးကျတော့ လိပ်ကလိပ်ပါပဲဗျာ။ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်း
ဥပဒေ အခန်း(၅)၊ အပိုဒ်(၁၇)မှာ ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌ အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်တယ်ဟု မှတ်ယူရမည်လို့ ပါတယ်ဗျ။ ဒါပေမယ့် အခုအထိ မထွက်တာပြည်ထောင်စုအဆင့် မဟုတ်လို့ ယူဆရမှာလား ဒါမှမဟုတ် သိလျက်နဲ့ ဥပဒေကို မထေမဲ့မြင်လုပ်ပြီး မနှုတ်ထွက်တာလား စဉ်းစားစရြာ ဖစ်ပါတယ်။
ဦးကောင်းမွန်           ဘာပဲပြောပြောပေါ့ဗျာ ကျွန်တော်တို့ကတော့ ပြည်ထောင်စုအဆင့်အဖြစ် အသိ
အမှတ်ပြု လက်ခံပေးဖို့ နည်းပေါင်းစုံနဲ့ လုပ်ရမှာပဲ။
ဦးပြည့်စုံ                 ခင်ဗျားကတော့ လုပ်ပြန်ပြီ ပြန်လည်းစဉ်းစားအုံးနော် ပြည်သူလူထုကို စော်ကား
သလို ဖြစ်နေရင် လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာ ကျဆင်း တယ်နော် ပြေလည် အောင်မဖြေရှင်းဘဲ အတင်းကြီးကို အသိအမှတ်ပြု ခိုင်း နေပါလားဗျ။
ဦးကောင်းမွန်           ကိုပြည့်စုံကလည်းဗျာ  အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍနဲ့   ဥပဒေပြုရေး
ကဏ္ဍ တွေမှာ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှု  Check and Balance လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စု အဆင့်ရမှ ဖြစ်မှာဗျ။ လွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရကို ထိန်းကြောင်း ပေးရမယ်လေဗျာ၊ ပြည်ထောင်စုလွှတ်တော်အထက်မှာ မိုးကောင်ကင်ပဲ ရှိတယ်ဆိုပြီး ကန်ပက်လက် မဲဆန္ဒနယ်က သူရဦးအောင်ကို ကတောင် ပြည်သူ့ လွှတ်တော်ကြီးထဲမှာ ဟစ်ကြွေး ခဲ့တာကို ကြားခဲ့ရသေးတယ်။
ဦးပြည့်စုံ                 အော်သူက ဒီလိုဘဲပြောခဲ့သလား၊ အေးပေါ့ဗျာ သူက စစ်သားကလာပြီး
ရုတ်တရက် အမတ်ထဖြစ်တဲ့လူဆိုတော့ ဥပဒေကိုနားမလည် ပါးမလည် သူထင်တာကိုဘဲ ပြောမှာပေါ့၊ တကယ်တော့ လွှတ်တော်တွေဆိုတာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာရတာဘဲဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းဘဲ ဥပဒေ ပြုကြရမှာဘဲဖြစ်တယ်၊ ဒါ့အပြင် ဒီမိုကရေစီ ကျင့်စဉ်နဲ့ နိုင်ငံသစ်ကို တကယ်တည်ဆောက်မယ်ဆိုရင်တော့  ပြည်သူကို ကိုယ်စားပြုတဲ့၊ ပြည်သူကိုအကျိုးပြုတဲ့ ကိုယ်စားလှယ် ဖြစ်ဖို့လိုတာပေါ့ဗျာ။ လွှတ်တော်ထဲမှာလက်သင့်ရာတွေ အုပ်စုဖွဲ့ ညီညွတ်ကြောင်းပြဖို့ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး အင်အားပြတဲ့ဒီမို ကရေစီ အနိုင်ကျင့်မှုတွေ မဖြ စ်အောင် ရှောင်ကျဉ်ဖို့လည်း လိုပါတယ်။
ဦးကောင်းမွန်           ကိုပြည့်စုံ ခင်ဗျားလည်း နိုင်ငံရေးတွေ၊ အခြေခံဥပဒေတွေ ပုဒ်မတွေ တော်တော်
နားလည်နေပါလားဗျာ၊ စိတ်ဝင်စားနေပြီထင်တယ်။
ဦးပြည့်စုံ                 တော်စမ်းပါဗျာ လွှတ်တော်ထဲမှာ အစီအစဉ်ပြီးကာနီး အရေးကြီးအဆို တင်သွင်း
ရာ ရှိတယ်ဆိုလို့ ဘာများလည်းလို့ စိတ်ဝင်စားပြီး နားထောင်လိုက်ေ တာ့လည်း ပြည်သူ အတွက်လည်းမဟုတ်၊ နိုင်ငံအတွက်လည်း မဟုတ် ဖြစ်နေတာတွေ့တော့ ရင်နာတယ်ဗျာ။ ဒါပေမဲ့ လွှတ်တော်ထဲမှာ ဆရာတပည့်တွေ အတိုင်အဖောက် ညီညီနဲ့ တင်ပြနေကြတာ တော့ ဇာတ်တိုက် ထားသလားအောက်မေ့ရတယ်ဗျ။
ဦးကောင်းမွန်           ဒီလိုဗျ ကိုပြည့်စုံရ တချို့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါတီမတူ၊ နိုင်ငံရေး
ခံယူချက် အမြင်မတူတာတွေဘေးချိတ်ပြီး တိုင်းပြည်အတွက် လုပ်ကြမယ်လို့ အသံကောင်း ဟစ်ပေမဲ့ ကိုယ်ကျိုးစီးပွားတူတော့လည်း ညီညွတ်ကြတာပါ။
ဦးပြည့်စုံ                 ဟုတ်ကော ဟုတ်ရဲ့လား ကိုကောင်းမွန်ရာ။
ဦးကောင်းမွန်           မယုံမရှိနဲ့ တချို့အစိုးရ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကို လွှတ်တော်
ကိုယ်စားလှယ်တွေက ပြည်ထောင်စုအဆင့် မဖြစ်ခင်ထဲက လှန်ကိုမလှန်ရဲအောင်
တစ်ယောက်နဲ့ တစ်ယောက်ရှယ်ပြီး တွယ်လိုက်ကြတာ တကယ့်မဟာမိတ်
ဝင်ရိုးတန်းလိုတောင် ဖြစ်နေပြီဗျ။
ဦးပြည့်စုံ                 ဟေ့လူ ကိုကောင်းမွန် ခင်ဗျားတို့တွေ လွှတ်တော်ထဲမှာကြတော့ ကျေးဇူးရှင်
တောင်သူ လယ်သမားကြီးများတို့ သန်း(၆ဝ)သော ပြည်သူအကျိုး တို့ဆိုပြီး ကျွေးကြော်နေကြတာ တကယ်မဟုတ်ပဲ အာဏာရှင်ဖွဲ့နေကြပါလားဗျ။
ဦးကောင်းမွန်           ဒါတင် ဘယ်ကမလဲဗျာ အင်အားမရှိတဲ့ ပါတီငယ်လေးတွေထဲက ကိုယ်စားလှယ်
တွေဆို လှုပ်တောင်မလှုပ်ရဲကြဘူး သူတို့ခဗျာလည်း အသုံးချခံတွေပဲ ဖြစ်မလား မသိဘူးဗျာ။
ဦးပြည့်စုံ                 အေးဗျာ ခင်ဗျားတို့ လွှတ်တော်ကိုယ်စားလှယ်တွေ စဖြစ်တော့ အခြေခံဥပဒေကို
ကာကွယ်စောင့်ရှောက်ပါမယ်လို့ ပြောပြီး ကျမ်းသစ္စာ ပြုကြတယ်မို့လား အဲဒါတောင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကျတော့ လက်မခံဘူးဖြစ်နေပါလားဗျ။
ဦးကောင်းမွန်           အဲဒါက ဒီလိုရှိတယ်ဗျ တချို့ကိုယ်စားလှယ်တွေဆို ဖွဲ့စည်းပုံအခြေခံ ဥပဒေ
စာအုပ်ကို ဟိုလှန်ဒီလှန် အဆင့်ပဲရှိတာ သေချာမသိကြသေးဘူးဗျ အခု ခုံရုံးကိစ္စက လည်း လျှပ်တပြတ် အတင်းအဓမ္မကို ကြုံးသွင်းခံလိုက်ရတဲ့ ဆင်လို ဖြစ်နေတာဗျ။
ဦးပြည့်စုံ                 ကိုကောင်းမွန်ရေ အချိန်လည်းတော်တော်ကြာသွားပြီ ခင်ဗျားပြောတော့မှပဲ
လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုအဆင့်ကနေ ဆင်တွေ ဖြစ် ကုန်ပြီ နောက်တစ်ခါ ဆုံမှပဲ ထပ်ဆွေးနွေးတာပေါ့ဗျာ သွားပြီဗျို့။
ဦးကောင်းမွန်           ကောင်းပါပြီဗျာ ကောင်းပါပြီ နောက်တခါကျရင် ကျွန်တော်တို့လည်း ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၃၃၄(က) အပိုဒ်ခွဲငယ်(၅)အရ ဘယ်သူ့ကိုစွပ်စွဲပြစ်တင်ရမလဲ
လို့ထပ်ပြီး စဉ်းစားရဦးမယ်ဗျာ။
From -အေမ့အိမ္ဘေလာ့

No comments:

Post a Comment