Monday, September 24, 2012

ရခိုင်တွင် စပါးတောင်းပေးစနစ်ဖြင့် ကျူရှင်လခပေးချေမှု ပြန်လည်ခေတ်စားလာ

ရခိုင်ပြည်နယ် မြို့တော်စစ်တွေ အပါအ၀င် ပြည်နယ် အလယ်ပိုင်းမြို့နယ်များနှင့် ကျေးလက်ဒေသ အချို့၌ ကျောင်းသားေ ကျာင်းသူများ၏ လစဉ်ပေးချေရမည့် ကျူရှင်လခ အခကြေးငွေအစား စပါး တောင်းပေးစနစ်ဖြင့် သင်ကြားပြသ မှုများ ပြန်လည်ခေတ်စား လာကြောင်း သိရှိရသည်။
  စပါတောင်းဖြင့် သင်ကြားပြသပေးရာ၌ အတန်းအလိုက် သတ်မှတ်ထားသည့် စပါးတောင်းကို လစဉ်ပေးဆောင်ရခြင်း မဟုတ်ပဲ ကောက်ပဲသီးနှံများ ရိတ်သိမ်းခြွေလှေ့ပြီးချိန်မှသာ စုပေါင်းပေးချေ ရခြင်းမျိုးဖြစ်သည်။
 

ထိုသို့ ငွေကြေးအစားစပါးတောင်းဖြင့် ပေးချေမှုကို မူလတန်းမှ တက္ကသိုလ်ဝန်တန်းအထိ ပေးချေ နိုင်ကြောင်းကိုလည်း သိရသည်။
 
သားသမီးများ၏ပညာရေးအား အတိုင်းအတာတစ်ခုအထိ သင်ကြားပေးလိုသော်လည်း မသင်ကြား နိုင်သည့် ဆင်းရဲချို့တဲ့သော  ကျောင်းသား မိဘများနှင့် ကျောင်းသူများ၏ပညာရေးကဏ္ဍ ပိုမိုပြီပြင် လာရန်အတွက် ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းကာ ၄င်းစနစ်အား ပြန်လည် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့အထက်တန်းပြကျောင်းဆရာတစ်ဦးက ဆိုသည်။
 
"အရင်ကဆို ကျူရှင်လခကို ငွေကြေးနှင့်ဆိုတော့ လစဉ်ပေးချေဖို့ မတတ်နိုင်ကြတာ များကြတယ်။ အခုလိုငွေကြေးအစား စပါးတောင်းနဲ့ သင်ကြားပြသပေးတဲ့ ဆရာ ဆရာမတွေကို အထူးကျေးဇူးတင်ရမှာပါ။"ဟု ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
 
ကျူရှင်လခများကို ငွေကြေးမှ စပါးတောင်းစနစ်သို့ပြောင်းလဲပြသပေးလာခြင်းနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် သ၀င်ချောင်ကျေးရွာမှ အလယ်တန်း ကျောင်းသား(၂)ဦးနှင့် ဆယ်တန်း ကျောင်းသူ တစ်ဦး၏မိခင်တစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
"ရခိုင်ကျေးလက်ဒေသ တော်တော်များများက ဒေသခံတွေက လက်လုပ်လက်စားဆင်းရဲသား များပါတယ်။ သူတို့တွေက သားသမီး မျိုးဆက်များရဲ့ ပညာရေးကို အတိုင်းအတာ တစ်ခုအထိ သင်ကြားပေးချင်ပေမယ့် မတက်နိုင်ကြတာများပါတယ်။ အချို့ဆိုရင် ဆယ်တန်းအောင်လောက် အထိလောက်သာ သင်ကြားပေးနိုင်ပြီး နောက် ဆက်မသင်နိုင်ကြတော့ပဲ မိဘတွေရဲ့လုပ်ငန်းခွင် နောက်ကို လှည့်ပြန်သွားရပါတယ်။ဟု မောင်တော ဒေသခံတစ်ဦးက ပြောသည်။
 
 ယခုကဲ့သို့ ကျူရှင်လခများအား ငွေကြေးအစား ဂရုဏာကြေးကဲ့သို့ စပါးတောင်းဖြင့် သင်ကြား ပြသပေးမူတွင် ကျယ်လာမှုမှာ ပညာရေးကဏ္ဍ အတွက် တစ်ခါးတစ်ချပ် ဖွင့်ချပေးလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသမြို့နယ်များတွင် တာဝန်ကျခဲ့သည့် အထက်တန်းပြ (အငြိမ်းစား)ကျောင်းဆရာတစ်ဦးက ဆိုသည်။
 
ငွေကြေးမှ စပါးတောင်းစနစ်သို့ပြောင်းလဲပြသလာခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်က  စာသင်ချိန်တစ်နှစ်တာ ကာလအတွင်း   ကျောင်းသား ကျောင်းသူတစ်ဦးလျှင် မူလတန်းအတွက် စပါးတောင်း (၂၀)၊ အလယ်တန်းအတွက် စပါးတောင်း (၃၀)နှင့် အထက်တန်းအတွက် စပါးတောင်း(၅၀)အသီးသီး သတ်မှတ်ခဲ့ပြီး၊ ခေတ်ကာလအခြေအနေအရ ငွေကြေးကြပ်တည်းမှုများကြောင့် ပြန်လည်ခေတ်စား လာခြင်း ဖြစ်သည်။
From -မြစ်မခ

No comments:

Post a Comment