Wednesday, September 19, 2012

“ မြန်မာ့အာမခံလုပ်ငန်းအကျိုးအမြတ်အားကောင်း၍ ပြည်ပ ကမ်းလှမ်းမှု အမြောက်အများရှိသော်လည်း် လက်မခံသေး”

နေပြည်တော်၊စက်တင်ဘာ၊၁၉
မြန်မာ့အာမခံဈေးကွက်သည် ကမ္ဘာ့အာမခံဈေးကွက်နှင့်နှိုင်းယှဉ်က အကျိုးအမြတ်အားကောင်
း၍
ပြည်ပလုပ်ငန်းရှင်အမြောက်အများ ၀င်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းသော်လည်းလက်ခံခြင်း မရှိကြောင်း ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောသည်။
“အာမခံလုပ်ငန်းမှာ လျော်ရတာကို Loss Ratio လို့သက်မှတ်တယ်။မြန်မာ့အာမခံရဲ Loss Ratio က ၂၀-၃၅
ရာနှုန်းပဲရှိတော့ အင်မတန်လုပ်လို့ကောင်းတဲ့ ဈေးကွက်ဆိုပြီး လုပ်ချင်ကြတယ်။" ဟု ၎င်းကပြောသည်။
ဆက်လက်၍ ဦးမောင်မောင်သိမ်းက " ကမ္ဘာအာမခံလောကမှာ လုပ်ငန်းရှင်တွေသုံးတဲ့ မြေပုံတစ်ခုရှိတယ်။အဲ့ဒီမြေပုံမှာတော့မြန်မာနိုင်ငံက
ကြောက်စရာကြီး။ငလျင်ကြောက မြန်မာနိုင်ငံကဖြစ်ထားတယ်ဗျ။သို့သော်အဲ့ဒီမြေပုံတွေက မတိကျသလိုလက်တွေမှာလည်း ငလျင်တွေမုန်
တိုင်းတွေက ရှားရှားပါးပါးသာကြုံနေရတော့ သူတို့ကလုပ်ချင်နေကြတဲ့သဘောပါပဲ။ဒါပေမယ့် ကိုယ်လုပ်ငန်း၇ှင်တွေကို ရိုက်ချိုးသလိုဖြစ်မှာ
ဆိုးလို့ လက်မခံထားဘူး”ဟု ပြောသည်။
ယင်းသို့လက်မခံသည့်တိုင် ပြည်ပရှိအာမခံကုမ္ပဏီအချို့က မြန်မာနိုင်ငံရှိလေကြောင်းလိုင်းများနှင့်ဆက်သွယ်
၍၎င်းတို့ ပရီမီယံနှုန်းထားများ လက်ရှိပေါက်ဈေးအောက် လေးပုံတစ်ပုံထိ ဈေးချပေးမည့်အကြောင်းကို မထင်မရှား
ရှင်းလင်းပွဲများပြုလုပ်လျက် ရှိနေသည်ဟုသိရသည်။
ထို့အပြင် လာမည့် ၂၀၁၅ခုနှစ် AFTA တွင် ပြည်ပကုမ္ပဏီတို့် မဖြစ်မနေ၀င်ရောက်
လာနိုင်ပြီးဖြစ်၍ တိုင်းရင်းသားပိုင်ကုမ္ပဏီများ ပြည့်ဝနေရန်လိုအပ်ကြောင်း မြန်မာ့စီးပွားရေးယခုထက်
ကောင်းမွန်လာပြီး အာမခံလုပ်ငန်းကြီးများကျယ်ကျယ်ပြန့်ပြန့်လိုအပ်လာပါက အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်များထပ်မံပေးသွားမည်ဖြစ်
ကြောင်း ဦးမောင်မောင်သိမ်းက ပြောသည်။
စွမ်းရဲထွဋ်
From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment