Monday, September 24, 2012

ဗီယက်နမ်စစ်သည်တစ်ဦး၏ စစ်တွင်းဒိုင်ယာရီစာအုပ် ၎င်း၏မိသားစုထံ ပြန်လည်အပ်နှံ

ဟနွိုင်း စက်တင်ဘာ ၂၃
၁၉၆၆ ခုနှစ်တွင် အမေရိကန် စစ်သည် တစ်ဦးက ဗီယက်နမ် စစ်သည် တစ်ဦးထံမှ သိမ်းယူခဲ့သည့် ဒိုင်ယာရီ စာအုပ် တစ်အုပ်ကို စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သော အထိမ်းအမှတ် အခမ်းအနား ပွဲ၌ ၎င်းစစ်သည်၏ မိသားစု ထံသို့  ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမေရိကန် စစ်သားသည် ဗီယက်နမ် နိုင်ငံ ကွမ်နိုင်ပြည်နယ် စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် ဗူဒင်ဒုံ အမည်ရှိ ဗီယက်နမ် စစ်သည်ထံမှ ဒိုင်ယာရီ စာအုပ်တစ်အုပ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား တစ်ခု၊ ငွေစက္ကူ ဟောင်း အချို့နှင့် ဓာတ်ပုံ အသေးတစ်ပုံ တို့ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မိမိသည် ဖခင် ဖြစ်သူကို မည်သည့် အခါမျှ သိကျွမ်း ခဲ့ဖူးခြင်း မရှိသော်လည်း အမြဲလိုပင် ဖခင်ကိုအိပ်မက် မက်လေ့ရှိပြီး ယခု အခါ၌ မိမိဖခင်၏ အကြောင်းကို သိရှိရန် အခွင့်အရေး တစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်ဟုကျဆုံးလေ ပြီးသော ဗီယက်နမ် စစ်သည်၏  သား အကြီးဆုံးက ပြောကြား ထားသည်။
အဆိုပါ ဒိုင်ယာရီ စာအုပ်ကို သိမ်းယူခဲ့သည့် အမေရိကန် စစ်ပြန်ကြီးသည် ယင်းစာအုပ်ကို ၄၆ နှစ်လုံးလုံး  သိမ်းဆည်း ထားခဲ့ရာမှ ပိုင်ရှင် အစစ်ထံ ပြန်လည် ပေးအပ် သင့်သည်ဟု မကြာမီက ဆုံးဖြတ်ခဲ့ပြီး  ဗီယက်နမ် စစ်သည်၏ ဆွေမျိုး သားချင်းများနှင့် ဆက်သွယ် နိုင်ရန် မီဒီယာ များကို အကူအညီ တောင်းခံ ခဲ့သည်ဟု သိရသည်။
From - မြ၀တီ

No comments:

Post a Comment