Monday, September 24, 2012

ဦးရွှေမန်း စင်္ကာပူ ရောက်

 ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းသည် စက်တင်ဘာ ၂၃ ရက်မှ စတင်၍ ၂၆ ရက်အထိ ၄ ရက်ကြာ ခရီးစဉ်အဖြစ် စင်္ကာပူ နိုင်ငံ သို့ ရောက်ရှိနေသည်။ ဦးရွှေမန်း နှင့် လွှတ်တော် ကိုယ်စားလှယ် ၅ ဦး ပါဝင်သော အဖွဲ့သည် စင်္ကာပူ လွှတ်တော် ဥက္ကဌ Michael Palmer ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း၊ ၀ါရင့် ၀န်ကြီး ဂိုချုပ်တောင် အပါအ၀င် အစိုးရ
တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုင်ရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ စင်္ကာပူ လွှတ် တော်၊ အမျိုးသား စာကြည့်တိုက်၊ ကုန်လမ်းပို့ဆောင်ရေး ဌာနနှင့် ရေ အရင်းအမြစ် ဆိုင်ရာ ဌာနများကို သွားရောက် လေ့လာဖွယ် လည်း ရှိကြောင်း Channel News Asia သတင်း၌ ဖော်ပြထားသည်
From -ဧရာဝတီ

No comments:

Post a Comment