Wednesday, September 5, 2012

ပွင့်လင်းမြင်သာမှုအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ဒါခေါ်ယူမှု ရက်ရွှေ့ဆိုင်း

 From- 7Day News Journal
ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည့် ကုမ္ပဏီကြီးများ အပါအ၀င် အနောက်နိုင်ငံများ၏ ပွင့်လင်းမြင်သာမှု အဆင့်အတန်း မီစေရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတင်ဒါ ခေါ်ယူမှုကို ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

သို့သော် အဆိုပါ တင်ဒါခေါ်ယူခြင်းကို ယခုလအတွင်းမှာပင် ပြန်လည်စတင်နိုင် လိမ့်မည် ဟု မျှော်လင့်ကြောင်း အမည်မဖော်လိုသော မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက ရိုက်တာသတင်းဌာနအား ပြောကြားသည်။

ကမ်းလွန်ရေနံလုပ်ကွက် ၁၀ ခုနှင့် ကုန်းတွင်းရေနံ လုပ်ကွက် ၁၀ ကွက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ယခင် ရက်သတ္တပတ်အတွင်း စွမ်းအင်ဝန်ကြီး က ပြောကြားခဲ့သည်။

"Shell လို ရေနံကုမ္ပဏီကြီးတွေက ပွင့်လင်းမြင်သာမှု၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲ သက်ရောက်မှုတွေအတွက် နိုင်ငံတကာစံနှုန်းတွေနဲ့ ပတ်သက်ရင် အရမ်းကို တိကျပါတယ်"ဟု ရန်ကုန်တွင် ပြုလုပ်သော စွမ်းအင်လုပ်ငန်း ကွန်ဖရင့်ပြင်ပတွင် အရှာရှိကြီးက ပြောကြားသည်။

"ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေက ကျွန်တော်တို့ တင်ဒါတွေကို နိုင်ငံတကာ အဆင့်အတန်းမီအောင်လုပ်ဖို့ ပြောပါတယ်။ ဒါကြောင့် အချိန်ပိုယူ ရတာပါ။ ဒါပေမဲ့ ဒီနှစ်မကုန်ခင် ဒုတိယအကြိမ် တင်ဒါခေါ်နိုင်မယ်လို့ ထင်ပါတယ်"ဟု ၄င်းကဆက်လက်ပြောကြားသည်။

No comments:

Post a Comment