From- မြ၀တီ
အစိုးရအဖွဲ့နှင့်
KNU (ကရင်အမျိုးသား အစည်းအရုံး) တို့ တတိယအကြိမ်
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစ၍
ကရင်ပြည်နယ် ဘားအံမြို့တွင် စတင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး
လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ သမ္မတရုံးဝန်ကြီး
ဦးစိုးသိန်း၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့်
အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းတို့
ခေါင်းဆောင်သော အဖွဲ့တက်ရောက်ပြီး KNU မှ ထွေထွေ အတွင်းရေးမှူး
နော်စီဖိုးရာစိန်၊ ပဒိုစောအားတိုးနှင့် နော်မေဦးတို့ ခေါင်းဆောင်သော
အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင်
ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ရှေ့ဆက်သွားမည့်
မူဝါဒဆိုင်ရာများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ရှေ့ဆက်သွားမည့် မူဝါဒဆိုင်ရာများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment