အမေရိကန် ပြည်ထောင်စုကို
ရောက်နေ သည့် မြန်မာ့ဒီမိုကရေစီေ ခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယေး
တက္ကသိုလ်မှာ တရားဥပဒေ စိုးမိုးရေးအကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က
ဟောပြောခဲ့ ပါတယ်။
ဒီဟောပြောမှုထဲမှာ ဒီပဲယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်တော် ပြောဆိုသွားခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတ ခု ဖြစ်နေမှာမို့ ဖော်ပြပေးလိုက်ပါတယ်။
"ကျမကိုယ်တိုင်ကြုံတွေ့ခဲ့ အဖြစ်အပျက်ကတော့ ဒီပဲယင်း အရေးအခင်းပေါ့လေ။ ၂၀၀၃ ခုနှစ် ကပါ။ အထက်မြန်မာပြည်စည်းရုံးရေး ခရီးသွားနေတုန်းက အဖြစ်အပျက်လေး တစ်ခုပါ။ ပြည်သူတွေက စိတ်ဝင် တစား အားပေးမှုတော့ ကျမတို့ ပါတီလည်း ကြီးမားလာခဲ့တာပါ။ အချိန်က ညနေပိုင်းရောက်နေပြီ။ ခရီး သွားနေရင်းဆိုတော့ တနေရာကနေတနေရာသွားနေရတာ။
အဲဒီမှာ ကျွန်မတို့ ကားတန်းကို ဘုန်းကြီး တပါးက တားတယ်။ တားပြီး မိန့်ခွန်း ပြောခိုင်းတယ်။ အချိန် က နောက်ကျနေပြီဆိုတော့ ကျမ က ငြင်းတယ်။ ဒီလိုနေရာမျိုးမှာ မိန့်ခွန်းပြောဘို့ စီစဉ်ထားတာလဲ မရှိ တာကြောင့် ကျမတို့ ခရီးဆက်ရဦးမှာလဲ ရှိနေသေးလို့ ပါလို့ ပြောပြခဲ့ပါတယ်။
ဒါပေမယ် မရပါဘူး။ နောက်ထပ် ဘုန်းကြီးတွေ ဝိုင်းလာတယ်။ ဆက်သွားလို့ မရအောင်တားထားတယ်။ အဲဒီနောက် လူအုပ်စု တဖွဲ့ ကရပ်ထားတဲ့ ကားတွေနောက်ကနေ ပြေးလာပြီး ကျမတို့ လူတွေကို ရိုက်နှက်ကြတယ်။ နောက်ကျောဖက်ကနေပေါ့။
ဒါဟာ ကျမရဲ့ ဒီပဲယင်း အရေးပေါ့။ ဘုန်းကြီးတွေလို့ သာပြောတာ လက်မောင်းမှာလဲ ဆင်တူ လက်ပတ် အဖြူတွေ ပတ်ထားတယ်။ အဖွဲ့ ကတော်တော်ကိုကြီးတဲ့အဖွဲ့ ပါ။ သူတို့ ဝိုင်းရိုက်တာ လူလေးယောက် ပွဲချင်းပြီး သေသွားတယ်။ ကျမကားရဲ့ လေကာမှန်တွေ ကိုလဲ ရိုက်ခွဲကြသေးတယ်။
ကျမရဲ့ ကားမောင်းသမားလေး က အတော်လေးကိုတော်တာပါ။ ကားကို ဆက်မောင်းလို့လဲမ ရ
တော့ နောက်က ကားတွေကိုစောင့်ရင်းနဲ့ ပေါ့။ အဲဒါနဲ့  ကျမရဲ့ကားကို မောင်းတဲ့ သူက ရှေ့မှာ တားထား တဲ့ အတားအဆီးတွေကို ဖြတ်မောင်းလိုက်မယ်လို့ ပြောလာတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ တခြားအဖွဲ့ တွေကို အဲဒီ ကနေတားဆီး ထားတာမို့လို့ဘဲတဲ့။ အဲလို ဖြတ်မောင်းလိုက်ရင် ကျမတို့ အဖွဲ့ တွေ နဲ့ ဆုံမှာ ဘဲမို့ပါ။
ကျနော် အတားအစီး တွေဖြတ်မောင်း လိုက်ရမလားတဲ့... မောင်းပေါ့ (ရီသံများ) ဟုတ်တယ်လေ ကျမ ဘယ်လိုလုပ်ရမလဲ။ ကျမမှာ စိတ်ကလဲလှုပ်ရှားစရာ ကားထဲထိုင်ပီး အဲဒီ ပိတ်ထားတာကြီးကို အတင်းဖြတ်ပြီး မောင်းတာ တသက်နဲ့ တကိုယ်တခါမှလဲ မလုပ်ဖူးဘူး။ အတားအစီးတွေ ကို
ဖြတ်မောင်းပေမယ်လည်း ဟိုဘက်မှာကဘယ်သူမှမရှိကြဘူးလေ။ လမ်းပိတ်ထားတာ သက်သက်ပေါ့ ။ ဒီလို့နဲ့ မောင်းလို့ ရသလောက်မောင်းလာတာ။ နေက်ထပ် မြို့ဝင်ဂိတ်ရောက်တော့ အဖမ်းခံရတာပဲ။
ကျမတို့ အနေနဲ့ လက်သီးလက်မောင်းလေးတောင်မထောင်ခဲ့ ပါဘဲနဲ့ ကိုယ့်ကို လာရိုက်လို့  ထွက်ပြေး ရတာကို အဖျက်သမားတွေလို့ စွပ်စွဲတာနဲ့ အဖမ်းခံရပြီး အကျယ်ချုပ် ၆ နှစ် ပြစ်ဒဏ်ချတယ်။ နောက်တော့ အမေရိကန် တယောက် ရေကူးပြီး လာတွေ့လို့ ၁ နှစ် ထပ်တိုးပြီး ၇ နှစ်ဖြစ်သွားတယ်။ အမေရိကားက လူတွေကိုယ်စား လာပြီးနုတ်ခွန်းဆက်တာ ဖြစ်ပါလိမ့်မယ်။
ပီတီကေ။။။

No comments:
Post a Comment