Thursday, September 13, 2012

ငါးစာ အစားထိုး ပေါင်မုန့်ပင် စမ်းသပ် စိုက်ပျိုး တိုက်တွန်း

ရန်ကုန် စက်တင်ဘာ ၁၃ ပြည်တွင်းတွင် တစ်နှစ်ထက် တစ်နှစ်ထက် ဈေးနှုန်း ကြီးမြင့်လာသည့် မွေးမြူရေး ငါးစာများ နေရာတွင် အစားထိုး အသုံးပြုရန် အမေရိကန်နိုင်ငံမှ ပေါင်မုန့်ပင်များ စမ်းသပ် စိုက်ပျိုးကြရန် ကြိုးစား သင့်ကြောင်း ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များကို UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။


ပေါင်မုန့်ပင်(Bread Fruit)သည် အမေရိကန် နိုင်ငံရှိ ကျွန်းစုများ ပေါ်တွင် ပေါက်ပြီး ကျွန်းစုလူမျိုးများ အဓိက စားသုံးသည့် အစားအစာ ဖြစ်သောကြောင့် ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းတွင် စမ်းသပ် သုံးစွဲရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။


"အသီးကို အခြောက်လှမ်း အမှုန့်ကြိတ်ပြီး ငါးစာလုပ်၊ အဖိုအသီးကို မီးရှို့ပြီး ခြင်ဆေးလုပ်လို့ ရတယ်၊ အစေးကျတော့ အဝတ်အထည် အတွက် သုံးလို့ရတယ်"ဟု ၄င်းက ဆိုသည်။

အဆိုပါ ပေါင်မုန့်ပင်သည် ပိန္နဲသီးပင်ကဲ့သို့ ပုံသဏ္ဍာန် ရှိသော်လည်း အရွက်များမှာ ပိုကြီးကြောင်း၊ အသီးမှာလည်း ပိန္နဲသီး ကဲ့သို့ ဖြစ်ကာ တနှစ်လျင် ၂ ကြိမ်သီးကာ မြန်မာရေမြေ ဓလေ့နှင့် ကိုက်ညီမှု ရှိကြောင်း ၄င်းက ထပ်မံ ရှင်းပြသည်။

စမ်းသပ် စိုက်ပျိုးဆဲ ကာလတွင် တစ်ဧကကို ကီလို ၅၀ ခန့်ထွက်လျှင် ငါးစာအဖြစ် သုံးခြင်းထက် ငါးဆေးအဖြစ် သုံးလျှင် ရကြောင်း ယင်းပေါင်မုန့်ပင်တွင် ပါဝင်သည့် အာဟာရများက ငါးများကို ပိုအကျိုးပြုနိုင်ကြောင်း ပုစွန်ုလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးနှင်းဦးက ဆိုသည်။

"သူဈေးက တစ်ပေါင် တစ်ဒေါ်လာ ဆိုတော့ ငါးဈေးထက်တောင် ကြီးနေတယ်"ငါးမွေးမြူ လုပ်ငန်းရှင် ဒေါက်တာ မြင့်စိန်က ဆိုသည်။

လက်ရှိ ပြည်တွင်း မွေးမြူရေး အစာ ဈေးကွက်တွင် အစာဈေး ကြီးမြင့်မှုကြောင့် ပြည်တွင်း လုပ်ငန်းရှင် များက အစားထိုးနိုင်မည့် မွေးမြူရေး အစာများကို ကြံဆလျက် ရှိကြသည်။
From -TheVoiceWeekly

No comments:

Post a Comment