Friday, September 7, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ရေးရာ ဝန်ကြီးများအား တွေ့ ဆုံ အမှာစကားပြောကြား

 From- Popular Myanmar News Journal 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ (၂)နာရီ (၁ဝ)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ်မတအိမ်တော် အစိုးရအဖွဲ့ ရုံး အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တွေ့ ဆုံ၍အမှာစကားပြောကြား ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ တွေ့ ဆုံပွဲအခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ပြည်ထဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့် ၊ ဦးစိုးမောင်၊ ဦးစိုးသန်း၊ ဦးတင်နိုင်သိန်းနှင့် ဦးလှထွန်း၊ ဒုတိယ ၀န်ကြီး ဦးသန့် ရှင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများ တက်ရောက် ကြကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက် http://www.president-office.gov.mm/ တွင် ဖော်ပြထားသည်။သတင်းအပြည့်အစုံအာhttp://www.president-office.gov.mm/ တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment