Friday, September 7, 2012

အလဲဗင်း မီဒီယာဂရု သတင်းမှားယွင်း ဖော်ပြကြောင်း ပြန်ကြားရေး ဒုဝန်ကြီးဆို

အလဲဗင်းမီဒီယာဂရု၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် “ယခုအခြေအနေမျိုး၌ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆို သည့် ဆောင်းပါးကို ဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြန်ကြားရေး ဒုဝန်ကြီးကို လွှတ်တော်တွင် မေးမြန်း” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို စက်တင်ဘာလ ၆ ရက် ၂၀၁၂ နေ့စွဲဖြင့် ဖော်ပြခဲ့သည်။
ယင်းသတင်းတွင် ဦးသိန်းထွန်းဦး(အမရပူရ မဲဆန္ဒနယ်)၏ လွှတ်တော်တွင်မေးမြန်းခဲ့သော ၂-၉-၂၀၁၂ မြန်မာ့ အလင်း သတင်းစာနှင့် ၄-၉-၂၀၁၂ မြဝတီသတင်းစာတို့မှာ ဒေါက်တာမာလာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရေးသားသည့် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲဆန်းစစ်ချက် ဆိုသည့် ဆောင်းပါးနှင့်စပ်လျဉ်းသော မေးခွန်းကို လွှတ်တော်တွင် ဖြေကြားပေးခဲ့ရာ “ဒေါက်တာမာလာအောင်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတယ်” ဟူသည့်အချက်ကို အမှန်တကယ်ထည့်သွင်းဖြေကြားခဲ့သူမှာ ပညာရေးဒုတိယ၀န်ကြီး ဦးအေးကြူသာဖြစ်ကြောင်း သိရသည်။

သို့သော် အလဲဗင်းမီဒီယာဂရုက မှားယွင်းစွာဖြင့် ထိုမေးခွန်းကို ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွတ်က ဖြေကြား ခဲ့ကြောင်း၊ သို့ဖြေကြားရာလည်း အမှန်တကယ်ဖြေကြားသူ ဦးအေးကြူမပြောခဲ့သည့် “ဒေါ်မာလာအောင်မှ လက်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။” ဟူသည့် မှားယွင်းနေသော သတင်းအချက်ကို ထည့်သွင်းဖော်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွတ်က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတဆင့် ဖော်ပြထားသည်။

ဦးရဲထွတ်က “ဒေါက်တာမာလာအောင် အမည်ဖြင့် ရေးသားသောဆောင်းပါးအတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ သီးခြား အမိန့်ထုတ်ပြန်ထားခြင်းမရှိကြောင်းဆိုတာ ကျွန်တော့်ဖြေကြားချက်ထဲမှာ လုံးဝမပါပါဘူး။ ” ဟုလည်း သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ status message တွင် ထည့်သွင်းရေးသားထားသည်။

No comments:

Post a Comment