Wednesday, September 5, 2012

သမ္မတကို တရားစွဲမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း


ပြည်ထောင်စုလွှတ်တော်ရဲ့ခုံရုံးအပေါ်စွပ်စွဲချက် သမ္မတဆောင်ရွက်မပေးရင် သမ္မတကိုပါ စွပ်စွဲပြစ်တင်မှုတွေရှိလာနိုင်ဟုဆို လွှတ်တော်နှစ်ရပ်က အခြေခံဥပဒေ ခုံရုံးအပေါ် စွပ်စွဲပြစ်တင်တာတွေကို ပြည်ထောင်စုလွှတ်တော်နာယက ကနေတစ်ဆင့် သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတက ဆောင်ရွက်မပေးရင် သမ္မတ ကိုပါ စွပ်စွဲပြစ်တင်တာတွေရှိ လာနိုင်တယ် လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကပြောပါတယ် ပြည်ထောင်စုလွှတ်တော်နာယက ကနေ သမ္မတဆီပို့
ရမယ် သမ္မတက ခုံရုံးကိုစာထုတ်ရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရိုသေလေးစားလိုက်နာ တဲ့သမ္မတ ဖြစ် ရင် ဒါလုပ်ကိုလုပ်သင့်တယ် မလုပ်ဘူးဆိုရင် ကျွန်တော်တို့ကနေ သမ္မတသည် ပေးအပ်ထား တဲ့တာဝန်ကို ကျေပွန်စွာမထမ်းဆောင်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပါတယ်လို့ သမ္မတကို စွပ်စွဲတဲ့ process သွားမယ်လို့ ဦးရဲထွန်းက သြဂုတ်လ ၃၀ ရက်နေ့က မန္တလေးမြို့ ခံ မီဒီယာတွေ နဲ့ တွေ့ဆုံစဉ်ပြောကြားသွားပါတယ် သမ္မတကို စွပ်စွဲပြစ်တင်တဲ့ အခြေအနေ မျိုး ရောက်လာ လိမ့်မယ်လို့မျော်လင့်မထားပေမယ့် အကယ်၍ ရောက်လာပါက ရှုပ်ထွေးမှုတွေဖြစ်လာပြီး တပ်မတော် က ယာယီထိန်းသိမ်းတာမျိုး တွေလည်းရှိလာနိုင်တယ်လို့ထင်မြင်သူတွေလည်းရှိတယ်။ ဦးရဲထွန်းက တပ်မတော်က အာဏာယာယီသိမ်းတာမျိုးတွေ(တွေးမယ်ဆိုရင်) တွေးနိုင်ပါတယ် စိုးရိမ်ပါ တယ် ဖြစ်လာ နိုင်ပါတယ် ထိုင်းမှာ ခဏခဏဖြစ်တယ် လို့သူ့ရဲ့အမြင်ကိုပြောပါတယ် ။ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်တွေမှာရေးရားကော်မတီ ကော်မရှင်နဲ့ အဖွဲ့တွေ ကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအနေနဲ့ ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီညွှတ်ခြင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အဲသည်ဆုံးဖြတ်ချက်ကို ခုံရုံးက မှားယွင်းဆောင်ရွက်ခဲ့တယ်လို့ကြေငြာချက်ထုတ်ပြန်ပေးဖို့ ပြည်ထောင်စု လွှတ်တော်မှာ အဆိုတင်သွင်း ခဲ့ပါတယ်။အဲသည် အဆိုကို ပြည်ထောင်စု လွှတ်တော်မှာဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၄၄၇ မဲနဲ့အဆိုအတည်ဖြစ်ခဲ့ပါတယ်။ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒ်ါအောင်ဆန်း စုကြည် က အဲသည်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးနဲ့ပက်သက်ပြီး သဘောထားကြီးကြီး အမြော် အမြင်ရှိရှိနဲ့ဖြေရှင်းဖို့မေတ္တာရပ်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေအပေါ် အရေးယူဆောင်ရွက် နိုင်ဖို့အတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ ကို လွှတ်တော်ကိုယ်စားလှယ် ၁၅ဦးနဲ့ဖွဲ့စည်း ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း က စေ့စပ်ညှို နှိုင်းပြီး သွားသင့်တယ် ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ချို့ယွင်းချက် အားနည်းချက် တွေရှိကောင်းရှိမယ် ပြင်ဖို့လိုတယ်လို့ပြောပါတယ် ပြည်ထောင်စုအဆင့် သတ်မှတ်ချက်အတွက် ပြည်သူ့လွှတ်တော်ဥပဒေနဲ့ အမျိုးသားလွှတ်တော်ဥပဒေ ရဲ့ ၂(ဇ) ကိုပြင်ဆင်ဖို့ လမ်းကြောင်းကိုပဲ သွားစေပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လမ်းကြောင်းကိုပဲ သွားဖို့ တင်ပြထားတယ်လို့ သူက ဆက်ပြောပါတယ် ။ ပြည်သူတွေအနေနဲ့ ယခုလို လွှတ်တော်အသီးသီး နဲ့ အခြေခံဥပဒေ ခုံရုံးကြားဖြစ်ပွားနေတဲ့ ပြဿနာကို လေ့လာ စောင့်ကြည့်နေကြပါတယ် ၊။ သမ္မတ က ဘယ်လို ဆုံးဖြတ်မ လဲ သမ္မတ ကိုကော လွှတ်တော်က စွပ်စွဲပြစ်တင်မှာလား လွှတ်တော်ကော်မ တီတွေ ကော်မရှင်တွေ ပြည်ထောင်စုအဆင့် အခြေခံဥပဒေနဲ့အညီ သတ်မှတ်ခံရမှာလား ဆိုတာတွေကို စိတ်ဝင်တစား ရှိနေကြပါတယ်။

စန်းယု

No comments:

Post a Comment