Wednesday, September 5, 2012

ဝန်ထမ်းများအပေါ် ဥပဒေနဲ့ ပြောဆိုခြိမ်းခြောက်ခြင်းကို ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဒေါ်စုကြည် အားကိုးနဲ့ အမေ့ ဘေးနားမှာ နေတဲ့ ကောင် ငါ့ကို ဘာမှတ်လဲ မင်းတို့ကို အလုပ်ဖြုတ်ပစ်လို့ ရတယ် ဟုဆိုတာ တာဝန်ကျ ၀န်ထမ်းများကို ချိန်းခြောက်မှု ဖြစ်ပွားခဲ့တယ် လို့ သိရှိရပါတယ်... အဲဒီလို ခြိမ်းခြောက်မှုတွေ ကြောင့် တာဝန်ကျ ဆေးရုံအုပ်ကြီးနှင့် တကွ သက်ဆိုင်ရာ ဌာနမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအဖွဲ့ ချုပ်ထံ သို့ စာရေးပြီး တိုင်တန်းထားသော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေး ( အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမှု တစ်စုံတစ်ရာ ထုတ်ပြန် ကြေငြာထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်...)
၎င်းစာကို အောက်တွင် ဖတ်ရူ့ နိုင်ပါသည်...

2 comments:

  1. ဒီလိုကောင်တွေက မြန်မာပြည်မှာ ဖောချင်းသောချင်းပါ။
    မဆန်းလှပါဘူး။စစ်အာဏာရှင်စနစ် ထွန်းကားနေချိန်များက
    ငါဘယ်သူ့သားကွ,ဘယ်သူ့ညီကွ,ဘယ်သူ့တူကွ,ဘယ်သူ့မြေးကွ,ဘယ်သူ့မြစ်ကွ,ဘယ်သူ့တီကွ,ဘယ်သူ့ကျွတ်ကွ,
    ဘယ်သူ့ဖွတ်ကွ?????အနှီကဲ့သို့သော ဘယ်သူပေါင်းများစွာကို ခေါင်းစီးတင်ပြီး ဥပဒေလက်တစ်လုံးခြားပြု၍ လူပါးဝခဲ့ကြသူ သကောင့်သား ဖာသည်မသားတို့ကို အမည်စာရင်းရှာဖွေပြုစုပါက နာမည်စာရင်းချည်းပင် အနည်းဆုံး (၆)လခန့် မရပ်မနား အချိန်ယူဖတ်ရှုရချိမ့်ဆိုက လွန်အံ့မထင်။ထို့ကြောင့်မဆန်းပါး။
    သို့သော် ဒေါ်အောင်ဆန်းစုကြည်အမည်နာမတပ်၍ ရမ်းကားပြောဆိုရူးသွပ်သူ ရှားရှားပါးပါး အနှီသဘောက်မသားအား ပထမဆုံး အလွဲသုံးစားပြုသူအဖြစ် ကနဦးအရေးယူရေးသည် NLD ပါတီအတွက် သိက္ခာတက်စေသော အကြောင်းတစ်ခု ဖြစ်နိုင်လောက်ပေ၏။

    ReplyDelete
  2. ခက်တာက (လက်ရှိနိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေသော) ဆိုတဲ့ အသုံးအနှုံးက ခြိမ်းခြောက်မှုတစ်ခုလေလား။မင်းတို့တစ်တွေ နိုင်ငံတော်တာဝန်ကို အရင်က ဘယ်လိုစရိုက်ဆိုးတွေနဲ့ ထမ်းဆောင်ခဲ့ကြသလဲ။အခုရော? ××××××
    ကျုပ်အမြင်ပြောရင်တော့ မင်းတို့ အစိုးရဆေးရုံတို့ ဆေးပေးခန်းတို့ဆိုတာက အကြင်နာတရားမဲ့တဲ့ ငရဲခန်းလိုပဲ။ငြင်းဦးမလား။ဆေးရုံ,ရဲစခန်း,ရုံပြင်ကနားဆိုတာ
    အော့နှလုံးနာစရာ နေရာတွေဖြစ်ခဲ့တယ်။အခုရော ???ဘယ်လောက်များပြောင်းလဲသွားသလဲ???မင်းတို့တွေ ဆက်ဆံ ပြုမူ ပြောဆိုမှုတွေကြောင့် ရောဂါတက်သွားသူတွေ မသေသင့်ပဲ သေဆုံးသွားသူတွေဟာ
    မင်းတို့တွေကို လက်စားချေဖို့ တမလွန်က စောင့်နေသူတွေအဖြစ် ထောင်သောင်းသိန်းသန်း ရှိနေကြလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။

    ReplyDelete