Tuesday, September 25, 2012

ခြေခြေမြစ်မြစ် ၊ နှစ်နှစ်ကာကာသိမှရေးစေလိုပါသည်

Hot News  ဂျာနယ်မှ ယာဉ်ပိုင်ရှင် များ၏ဒုက္ခကို သက်ဆိုင်ရာက ကူညီဖြေ ရှင်းပေးစေလိုခေါင်းစဉ်ပါသတင်းဆောင်း ပါးနှင့် ပတ်သက်၍ ကျွန်တော်နှင့်ခင်မင် ရင်းနှီးသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး  အား မေးမြန်းစုံစမ်းကြည့်ရာအဆိုပါတပ် ဖွဲ့ဝင်မှ သူတို့နေ့စဉ်တာဝန်ထမ်းဆောင် နေရသည့် အခြေအနေနှင့် အခက်အခဲ များကို ပွင့်လင်းစွာရှင်းလင်းပြောပြသဖြင့်  သိခွင့်ရခဲ့ပါသည်။ ဆောင်းပါးရေးသား သူစတုတ္ထမဏ္ဍိုင်နှင့်အခြားသူများ ပါသိ  ရှိနိုင်ရန် အောက်ပါအတိုင်းဖော်ပြလိုက်ပါ သည်။

တိုင်း/ပြည်နယ်ဒေသကြီးအသီးသီး ၌ တာဝန်ထမ်းဆောင်လျက်ရှိသောယာဉ် ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် မီးပွိုင့်များ၊ လမ်းဆုံလမ်းခွများ၊ အ၀ိုင်းပတ်များ၊ တံတားများ၊ အရေးကြီးအဆောက်အဦ နေရာများ၊ ယာဉ်သွားယာဉ်လာရှုပ်ထွေး သည့်လမ်းမကြီးများစသည့်နေရာများ တွင် တာဝန်ထမ်းဆောင်ကြရပါသည်။ နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့်  ဥပမာပြရလျှင် ထိုတာဝန်ကျနေရာများ သို့နေ့စဉ်ဆိုင်ကယ်ဖြင့်သွားရောက်ကြရာ ၌ ခရီးအကွာအဝေးအလိုက်ဓာတ်ဆီ (၂) ပုလင်း (သို့မဟုတ်) (၃) ပုလင်းခန့်သုံးစွဲ  ကြရပါသည်။ တပ်ဖွဲ့ဝင်တစ်ဦးလျှင်ပျှမ်း မျှ (၂) ပုလင်းသုံးစွဲပါက တပ်ဖွဲ့ဝင် (၁၅၀) ဦး အတွက်အဆိုပါပုလင်း (၃၀၀) စုစုပေါင်း   ဂါလံ (၅၀) ခန့် အသုံးပြုရကြောင်း သိရှိ ရပါသည်။ ငွေကြေးတန်ဖိုးတွက်ချက် ကြည့်ပါက နေ့စဉ်ကျပ် (နှစ်သိန်း)ခန့် ကုန်ကျအသုံးပြုနေရပြီး တစ်လအတွက် ဆိုပါက ကျပ် (သိန်းခြောက်ဆယ်)ခန့် သုံးစွဲကုန်ကျလျက်ရှိပါသည်။ အဆိုပါ သုံးစွဲရသည့် စက်သုံးဆီတိုးငွေများအား မည်သူ့ထံကမှ ရရှိခြင်းမရှိဘဲ မိမိတို့ အစီ အစဉ်ဖြင့်သာ ၀ယ်ယူသုံးစွဲနေရကြောင်း သိရှိခဲ့ရပါသည်။ တိုင်းဒေသကြီး/ပြည် နယ်များရှိ တပ်ဖွဲ့ဝင်များသည်လည်း အလားတူပင်ဖြစ်ကြောင်း ရန်ကုန်ယာဉ် ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အလား တူပင်တာဝန်ကျရာနေရာများသို့ မိမိတို့ အစီအစဉ်ဖြင့် သွားရောက်ရပါသည်။ နေရေးတွင်လည်း ဌာန၏ နေအိမ်လိုင်း ခန်းများ လုံလောက်မှုမရှိသဖြင့် မိမိတို့၏ မိဘဆွေမျိုးများထံတွင် ကပ်နေရသူများ၊ အိမ်ငှားပြီးနေထိုင်ရသူများ၊ ယောက်္ခမ အိမ်ကပ်နေရသူများ အရေအတွက်မှာ ရှိရင်းတပ်ဖွဲ့ဝင်အင်အား၏ တစ်ဝက် ကျော်ခန့်ရှိနေပါသည်။ ၎င်းအခက်အခဲ များကို ကျွန်တော်တို့မည်သို့ ကုစားရ မလဲ။ အဲဒီအတွက် အခက်အခဲ စိန်ခေါ် မှုများကို ကျွန်တော်တို့ မည်သို့ ဖြေရှင်း ရမလဲ။ နိုင်ငံတော် အစိုးရသစ်တက်လာ ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ လစာ အပြင် အပိုထောက်ပံ့မှု (၃၀၀၀၀ိ/-) ကျပ် တပ်ဖွဲ့ဝင် တစ်ဦးချင်းအတွက် တစ် ရက်စားစရိတ် (၅၀၀)ကျပ် ထောက်ပံ့ ပေးခဲ့ပါသည်။ သို့ရာတွင် ဇနီးနှင့်သား၊ သမီးများရှိနေပါသည်။ ကျွန်တော်တို့သာ တစ်ဦးတည်းဖြစ်ပါက ဖြေရှင်းကုစားနိုင် ပါကြောင်း၊ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစု လူနေမှု ကုန်ကျ စရိတ်များအတွက် စတုတ္ထမဏ္ဍိုင်မှ စာရေးသူအနေဖြင့် ကျွန်တော်တို့နေရာ ၀င်ကြည့်စေလိုပါကြောင်း ပြောပြပါသည်။
ထို့ပြင် လုပ်ငန်းသဘာဝအရ တာဝန်ကျသည့် နေရာသို့ နံနက်စော စောသွားရောက်ရသည်ဖြစ် နံနက်အစာ ပြေစားခြင်း၊ နေ့လည်စာစားခြင်းတို့အား တာဝန်ကျသည့် နေရာတွင်ဖြစ်သလို၊ ကြုံသလို ၀ယ်ယူစားသောက်ရပါသည်။ ထိုစရိတ်စကများမှာလည်း နေ့စဉ် ကုန် ကျစရိတ်ဖြစ်ပြီး မည်သူကမှ လာမပေး ဘဲ မိမိတို့ဘာသာ မိမိတို့ဖြေရှင်းနေရ ကြောင်း သိရပါသည်။ တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်း သဘောသဘာဝအရ ဆိုင်ကယ်တစ်စီး မဖြစ်မနေလိုအပ်သဖြင့် မိမိတို့ အစီအစဉ် ဖြင့် ခြိုးခြံချွေတာပြီး ဆိုင်ကယ်ဝယ်ယူရ ပါသည်။ တာဝန်ထမ်းဆောင်ရင်း ဆိုင် ကယ်စက်ချို့ယွင်းမှုဖြစ်၍ ပြုပြင်ရာတွင် လည်း မိမိတို့ အစီအစဉ်ဖြင့်သာ ကျခံ သုံးစွဲရကြောင်း သိရပါသည်။
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် နေ့ စဉ်နေ့တိုင်း နေပူထဲ မိုးရွာထဲ၌ လမ်းမ ကြီးများပေါ်တွင် တာဝန်ထမ်းဆောင်ရ ခြင်းဖြစ်၍ သတ်မှတ်ယူနီဖောင်းဝတ်စုံ အနည်းဆုံး (၄)စုံခန့် လိုအပ်မှုရှိပါသည်။ ၀တ်စုံများကောင်းမွန်ရမည်ဖြစ်ပြီး ဖိုင်ဘာ ဦးထုပ်၊ ခါးပတ်၊ လည်ရှည်ဖိနပ်ကြီး၊ ပိကက်ဦးထုပ်၊ ရောင်ပြန်ဝတ်စုံ၊ အချက် ပြမီးချောင်း၊ မိုးကာ၊ ကြူးနစ်ကုတ် ၀တ်စုံ စသည့် အသုံးအဆောင်ပစ္စည်းများကို လည်း မိမိတို့ဘသာ မိမိတို့ ၀ယ်ယူအသုံး ပြုကြရကြောင်း ပြောပြ၍ သိရှိရပါ သည်။ တာဝန်ထမ်းဆောင်ရာတွင် မရှိ မဖြစ်လိုအပ်သည့် လမ်းလျှောက်စကား ပြောစက်များကိုလည်း မိမိတို့ အစီအစဉ် ဖြင့် ကျခံဝယ်ယူသုံးစွဲရကြောင်း၊ မည်သူ ကမှ ပစ်္စည်းများ ထုတ်ပေးခြင်း၊ ထောက်ပံ့ ပေးခြင်းမရှိကြောင်းလည်း သိရှိရပါသည်။ မိမိတို့အား အထက်မှ တာဝန်ပေးအပ်ခြင်းသာရှိပြီး၊ တာဝန်ထမ်း ဆောင်နေစဉ်အတွင်း ကုန်ကျသော စရိတ်စကများကို မိမိတို့ဘသာ ကျခံ သုံးစွဲရကြောင်း ရှင်းလင်းပြောပြပါသည်။
ဆောင်းပါးရှင် စတုတ္ထမဏ္ဍိုင်မှ ရေး သားထားသကဲ့သို့ လမ်းပေါ်၌ ကားသမား များနှင့် ငွေယူပြုလုပ်သည့် ကိစ္စနှင့် ပတ် သက်၍ ပြောပြသည်မှာ ယာဉ်များ ရပ် တန့်စစ်ဆေးပြီး စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ရာ၌ ယာဉ်မောင်းလိုင်စင်မပါ သူများ၊ ယာဉ်လိုင်စင် (၀ှီးတက်) မပါသူ များလိုင်စင်သက်တမ်းလွန်သူများ၊ လုပ်ငန်းလိုက်စင်မပါရှိသူများ၊ ၀န်ပိုတင် ဆောင်သူများ၊ လမ်းစည်းကမ်းမလိုက်နာ သူများ စသည့်ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဖောက်ဖျက်ကျူးလွန်သူအချို့ သည် တရားရုံးသို့ မသွားလိုဘဲ ရှောင်လွှဲ လိုခြင်း၊ အချိန်ကြန့်ကြာမှုမခံလိုခြင်း၊ သတ်မှတ်ဒဏ်ငွေပေးဆောင်လိုမှုမရှိခြင်း တို့ကြောင့် တာဝန်ကျယာဉ်ထိန်းတပ်ဖွဲ့ ၀င်များထံ ချဉ်းကပ်အသုံးချ၍ ၎င်းတို့၏ လတ်တလော ပြဿနာများကို လမ်းပေါ် ၌ ဖြေရှင်းတတ်ကြပါသည်။ ဥပဒေ စည်း ကမ်းအရ တိတိကျကျ အရေးယူဆောင် ရွက်ပါကလည်း စိတ်ငြိုငြင်မှုများ ဖြစ် တတ်ကြပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ဝင် များမှာအဆိုပါ ကားသမားများပေးသည့် (၂၀၀ိ/-) ကျပ်၊ (၅၀၀ိ/-)ကျပ် (တစ်ခါ တစ်ရံအစုတ်များ) အားလက်ခံပြီးစည်း ကမ်းမလိုက်နာသူများ၏ အသုံးချခံများ ဖြစ်နေကြရပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များမှာ ပညာတတ်ဘွဲ့ရ၊ (၁၀)တန်း အောင်များဖြစ်ကြပြီး မည်သူကမှ ယာဉ်မောင်းများစွန့်ကြဲသည့် (၂၀၀ိ/-) ကျပ်တန်၊ (၅၀၀ိ/-)ကျပ်တန် အစုတ်များ ကို သူတောင်းစားကဲ့သို့ လက်ဖြန့်တောင်း ခံလိုခြင်း၊ ပစ်ချပေးသွားသည့်ငွေကို လိုက်လံကောက်ယူခြင်းများ မပြုလုပ်လို ကြပါ။ မိမိတို့၏ ဂုဏ်သိက္ခာအဆင့် အတန်းနှင့် သိက္ခာကျအရှက်ရစေမည့် အလုပ်မျိုးမည်သူတစ်ဦးတစ်ယောက်မှ မပြုလုပ်ချင်ကြပါ။ သို့ရာတွင် တာဝန် ထမ်းဆောင်ရင်း ကုန်ကျသည့် အုပ်ချုပ် ထောက်ပံ့မှု သုံးစွဲစရိတ်များ၊ အထွေထွေ ကုန်ကျစရိတ်များကို မိမိတို့ အစီအစဉ် ဖြင့်သာ ကျခံသုံးစွဲနေရသဖြင့် ထိုကဲ့သို့ ဖြစ်နေရကြောင်း ရှင်းပြ၍ သိရှိရပါသည်။ နေ့စဉ်တာဝန်ထမ်းဆောင်သွားလာလုပ် ကိုင်ရာ၌ ကုန်ကျသည့် စက်သုံးဆီ၊ ၀တ်စုံ နှင့် အခြားအသုံးအဆောင်ပစ်္စည်းများ အထွေထွေကုန်ကျစရိတ်များအား မည်သည့် ပြည်နယ်/တိုင်းအစိုးရအဖွဲ့က မှ ထောက်ပံ့ဖြေရှင်းပေးမှု မရှိခြင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှလည်း ဖြည့်ဆည်းပေးနိုင် မှု မရှိခြင်းတို့ကြောင့် မိမိတို့ အစီအစဉ် ဖြင့်သာ မိမိတို့ လုပ်ငန်းအဆင်ပြေ အောင် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အုပ်ချုပ်မှုဆိုင်ရာ ကိစ်္စများဖြေရှင်း ဆောင်ရွက်ရန်ထက်ပိုမို၍ လောဘတက် ပြီး လုပ်ကိုင်သူများကို ရဲစည်းကမ်းဥပဒေ အရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားသည့်ဖြစ်စဉ် သာဓက များလည်းရှိကြောင်း ပြောပြ၍ သိရှိခဲ့ရပါ သည်။ အဆိုပါတပ်ဖွဲ့ဝင်မှ ဆက်လက် ပြောပြသည်မှာ လက်ရှိရသည့် လစာနှင့် နောက်ကွယ်မှ မိသားစုဇနီး သားသမီး များ၏ ပညာရေးစရိတ်၊ ကျန်းမာရေး စရိတ်၊ စားဝတ်နေရေးလောက်ငမှု မရှိ နိုင်ကြောင်း၊ အခြားသော ဌာနဆိုင်ရာ အောက်ခြေအဆင့်ဝန်ထမ်းများသည်လည်း ထိုကဲ့သို့ပင် ဖြစ်မည်ထင်ကြောင်း ရှင်းပြ ပါသည်။
ထို့ပြင် အဆိုပါယာဉ်ထိန်းတပ်ဖွဲ့ဝင် မှ အကြံပြုပြောပြသည်မှာ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းဆောင် ရွက်၍ ဥပဒေနှင့်အညီ ရရှိသည့် တရားရုံး ဒဏ်ငွေ၊ စီမံခန့်ခွဲမှု ဒဏ်ငွေများမှ အချိုး ကျခွဲဝေပေးပြီး ကုန်ကျသည့် အသုံး စရိတ်များကို ကျခံသုံးစွဲစေမည်ဆိုပါက ပိုမိုသင့်တော်ကောင်းမွန်မည်ဖြစ်ကြောင်း မိမိတို့အနေဖြင့်လည်း တရားဝင်ရရှိလာ သည့် ဆုကြေး၊ ငွေကြေးတို့ကိုသာရယူ လိုပြီး ဂုဏ်သိက္ခာရှိရှိ နိုင်ငံတာဝန် ထမ်း ဆောင်လိုကြောင်း ရှင်းပြပါသည်။ အုပ်ချုပ်မှုဆိုင်ရာ ကုန်ကျစရိတ်များ ပြည့် စုံစွာ ဆောင်ရွက်ပေးခြင်း (သို့မဟုတ်) သတ်မှတ်ရာနှုန်း တစ်ခုထိ သတ်မှတ် ဆောင်ရွက်ပေးခြင်း ပြုမည်ဆိုပါက သင့် တော်ကောင်းမွန်မည်ဖြစ်ပြီး လမ်းပေါ်မှ မလိုလားအပ်သည့် ပြဿနာများ လျော့ နည်းပပျောက်စေမည်ဟု ထင်မြင်မိ ကြောင်း ပြောပြသဖြင့် သိရှိခဲ့ရပါသည်။
သို့ဖြစ်၍ စာရေးသူ ကျွန်တော့် အနေဖြင့် စိစစ်ဝေဖန်ဆန်းစစ်မိသည်မှာ စတုတ္ထမဏ္ဍိုင်များအနေဖြင့် တစ်ဦးတစ် ယောက်ကိုသော်လည်းကောင်း၊ အဖွဲ့ အစည်းများနှင့် ပတ်သက်၍သော်လည်း ကောင်း ရေးသားမည်ဆိုပါက ထဲထဲ ၀င်ဝင်၊ နှံ့နှံ့စပ်စပ်လေ့လာပြီးမှသာ ရေး သားပါက ပိုမိုသင့်တော်မည်ဟု ထင်မြင် မိပါသည်။ အကျိုးအကြောင်း၊ အဆိုး အကောင်း၊ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ သေချာစွာ မသိဘဲ မိမိ၏ ရှုထောင့်အမြင် တစ်ခုတည်းဖြင့် ရေးသားဖော်ပြခြင်း သည် ရေးသားခံရသူနှင့် အဖွဲ့အစည်း တို့အား ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်ပါ သည်။ မလိုလားအပ်သည့် ဆိုးကျိုး အန္တရာယ်များရှိစေနိုင်ပါသည်။ ထို့ကြောင့် စတုတ္ထမဏ္ဍိုင်အနေဖြင့် နောင်တွင် ဖြစ်စဉ်အကြောင်းအရာတစ်ခုအား ရေး သားတင်ပြမည်ဆိုပါက သေချာစွာ စုံစမ်း လေ့လာပြီး နှစ်ဦးနှစ်ဖက် ညီညွတ်မျှတ စွာဖြင့် ရေးသားတင်ပြသင့်ပါကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ အတွင်းသိ ပြည်သူတစ်ဦးအနေဖြင့် ပြန်လည်ရေး သားလိုက်ရပါသည်။

ဦးမြင့်အောင်(နေပြည်တော်)
From-Hotnewsဂျာနယ်

No comments:

Post a Comment