Friday, September 7, 2012

မာစတာကဒ် ပရိုမိုးရှင်းကာလအား ဘဏ်ဝန်ထမ်းများဖြင့် စတင်


မြန်မာနိုင်ငံအဝှမ်းရှိ ဈေးဝယ်စင်တာကြီးများနှင့် ကုမ္ပဏီကြီးများတွင် မာစတာကဒ်များ အသုံးပြုပုံနှင့် အသုံး ဝင်ပုံ အကြောင်းကို CB ဘဏ်ဝန်ထမ်းများက လက်တွေ့ ကွင်းဆင်းရှင်းလင်းပြောဆိုမှုများ စတင်ေ နပြီဖြစ်ကြောင်း အဆိုပါ ဘဏ်က သိရသည်။ အမေရိကန်အခြေ စိုက် ငွေပေးချေရေး ကဒ်ကုမ္ပဏီ မာစတာကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံအတွင်းတွင် ၄င်းကဒ်များ အသုံးပြုနိုင် ရေး အတွက် မြန်မာနိုင်ငံ မှသမဝါယမဘဏ်(Co-Operative Bank) CB ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ချက်ရခဲ့ ကြောင်း သိရသည်။
မာစတာကဒ်များကို မကြာမီကာလများအတွင်း CB ဘဏ်၏ အေတီအမ်စက်များ၊ ယင်းကဒ်လက်ခံသော အရောင်းဆိုင် များ၊ နေရာ များတွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် CB ဘဏ်ဝန်ထမ်း များကိုလည်း မာစတာစက်နှင့် ကဒ်အသုံးပြုနိုင်ရေး သင်တန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။


မာစတာကဒ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပဏာမသဘောတူညီမှု အဆင့်သာရှိသေးရှိပြီး ဆောင်ရွက် ဆဲဖြစ်ကြောင်း အီလက် ထရောနစ်ဈေးဝယ်စနစ်နှင့်ပတ်သက်၍ ပြည်သူများနှင့်ရင်းနှီးအောင် ဦးစွာ လုပ်ဆောင်ပေးရ မည်ဖြစ်ကြောင်း CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


''စီမံကိန်း အကောင်အထည်ပေါ်လာရင် ဘာတွေ အဆင်ပြေလာမလဲဆိုရင် ကုန်သွယ်စီးဆင်းမှု ပိုမိုမြန် ဆန်လာ မှာပါ၊ ငွေကြေးအရှုပ်အထွေးတွေလည်း မရှိတော့ဘူးပေါ့''ဟု CB ဘဏ်(မင်္ဂလာဈေး)မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


မာစတာကဒ်ကုမ္မဏီသည် ၄င်းတို့၏ မာစတာကဒ်များ အသုံးပြုခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံ တွင် လာမည့် ငါးနှစ်မှ ဆယ်နှစ်အတွင်း အီလက်ထရောနစ်ငွေပေးချေရေးဈေးကွက် ဖွံ့ဖြိုးလာသည့်အခါ တွင် ပြည်တွင်း၌ အခြေချ လုပ်ကိုင် သွားမည်ဖြစ်သည်။

CB ဘဏ်သည် မြန်မာနိုင်ငံတွင်းတွင် အလိုအလျောက်ငွေထုတ်စက် ATM(Automatic Teller Machine) စက်များကို အကျယ် ပြန့်ဆုံးထားရှိ ဆောင်ရွက်နေသော ဘဏ်တစ်ခုဖြစ်ပြီး ယခုသဘောတူညီချက်အရ မာစတာကဒ် အမှတ်တံဆိပ် ငွေပေး ချေရေးကတ်များကိုလည်း ပြည်တွင်းတွင် အသုံးပြုနိုင် ရန် ဆောင်ရွက်ကြမည်ဖြစ်သည်။


''ကျွန်တော်တို့ဟာ မြန်မာ့ဈေးကွက်အတွင်း ဝင်ရောက်ဖို့ မြန်နိုင်သမျှ မြန်အောင် ကြိုးစားနေပါတယ်။ တစ်နှစ် လောက်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပိုကောင်းတဲ့ ပုံရိပ်ရလာမယ်လို့ မျှော်လင့်နေပါတယ်''ဟု မာစတာကတ်ကုမ္မဏီ၏ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေးရာဌာနဥက္ကဌ ဗစ်ကီဗန်ဒရာ က ပြောသည်။


မာစတာကဒ်ကုမ္မဏီသည့် မြန်မာနိုင်ငံ၌ အီလက်ထရောနစ်ငွေပေးချေရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်ချိန် မတိုင်မီကာလ အထိ ဗီယက်နမ်မှ လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်သည်။


ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန်သမ္မတ အိုဘားမာက ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ကုမ္မဏီ များအား မြန်မာနိုင်ငံတွင် ရင်းနှီးလုပ်ကိုင်ခွင့်ပေးပြီးနောက် အမေရိကန် အကြွေးဝယ် ကတ်ကုမ္မဏီက မြန်မာ့ဘဏ္ဍာရေး ဝန်ဆောင်မှုဈေးကွက်သို့ စတင်ဝင်ရောက်မည်ဟု သြဂုတ်လ (၁၉)ရက်နေ့တွင် ကြေညာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

1 comment:

  1. အခုရော master card က အမေရိန်နဲ့ join သေးလားဗျ အခြားနိုင်ငံငွေလွှဲအကောင့်နဲ့us$လွှဲလို့ရလားဗျ

    ReplyDelete