From- Eleven Media Group
ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပ ဒေကြမ်းကို အတည်ပြုခဲ့ပါသည်။
အတည်ပြုခဲ့သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကမှ တစ်ဆင့်
နိုင်ငံတော် သမ္မတထံ ပေးပို့သွား မည်ဖြစ်ပြီး နိုင်ငံတော် သမ္မတမှ
ပြင်ဆင်ရန်မရှိပါက အပြီးသတ် အတည်ပြုထောက်ခံ မည် ဖြစ်ပါသည်။
ယခုကဲ့သို့ အတည်ပြုခဲ့သည့် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပ ဒေကြမ်း တွင်
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို ကန့်သတ်သည့် (သို့မဟုတ်)
တားမြစ် သည့်လုပ်ငန်းများ လျော့ချခြင်း၊ နိုင်ငံခြားသားက
ရင်းနှီးမြှပ်နှံမှုပြုလုပ်ရာတွင်
ကနဦး ရင်နှီးမြှပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း
နိုင်ငံခြားသုံးငွေ ပါဝင်ရမည်ဆိုသည့်အချက်ကို ပယ်ဖျက်ခြင်း၊ နိုင်ငံခြား
မတည်ငွေရင်း ရာခိုင်နှုန်းအပြည့် လုပ်ကိုင်ခွင့်မရှိသော
ကန့်သတ်ထား သည့်လုပ်ငန်းများတွင်
ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့သည်းခွင့်ရပါက နိုင်ငံခြား မတည်ငွေရင်းသည်
စုစုပေါင်း မတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းဖြစ်ရမည့်အချက်အစား နိုင်ငံခြားသားသည် နိုင်ငံသားနှင့် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ပါက စုစုပေါင်း နိုင်ငံခြား မတည်ငွေရင်း ၏ ၅၀-၅၀ အချိုးအတိုင်း
ဆောင်ရွက်ရန်ဖြစ်သည် ဆိုသည့်အချက် ကိုပြင်ဆင်ခြင်း၊ ကော်မရှင်ဖွဲ့စည်းရာတွင်
အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ စီးပွားရေးနယ် ပယ်အသီးသီးရှိ
စီးပွားရေးကျွမ်းကျင်သူများထဲမှ သင့်လျောသော ပုဂ္ဂိုလ်များအား အဖွဲ့ဝင် အဖြစ် ပါဝင်ဖွဲ့ စည်းရမည်ဆိုသည့်အချက်ကို လည်းကောင်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ အား မြန်မာနိုင်ငံ သားများက ပြန်လည်ဝယ်ယူနိုင်မည့်အခြေအနေရှိလျှင် ကမ်းလှမ်း ပိုင်ခွင့်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်း များ၏ မူလစာချုပ်ပါသက်တမ်း (သို့မဟုတ်) ယင်းသက်တမ်းကို တိုးမြှင့်ပေးလျှင် ယင်းသို့ တိုးမြှင့်ပေးသည့်သက်တမ်းအတွင်း တန်ဖိုးသင့် လျော်ကြေးပေး၍ ဆောင်ရွက်ခြင်း(နိုင်ငံပိုင်သိမ်းယူသည့် သဘော)ကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပ ဒေကြမ်းကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးများ ပြီးဆုံးကြောင်းနှင့် ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးများကို အောက်တိုဘာလ တတိယအပတ် တွင် ပြန်လည်စတင် မည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပ ဒေကြမ်းကို အတည်ပြုခဲ့ပါသည်။
အတည်ပြုခဲ့သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကမှ တစ်ဆင့် နိုင်ငံတော် သမ္မတထံ ပေးပို့သွား မည်ဖြစ်ပြီး နိုင်ငံတော် သမ္မတမှ ပြင်ဆင်ရန်မရှိပါက အပြီးသတ် အတည်ပြုထောက်ခံ မည် ဖြစ်ပါသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးများ ပြီးဆုံးကြောင်းနှင့် ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးမျာ
No comments:
Post a Comment