Wednesday, September 5, 2012

နယ်စပ်ဒေသမှ တရားမ၀င် ကုန်ပစ္စည်း တင်သွင်းမှုအား ထိရောက်စွာ အရေးယူ သွားမည်

စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ နယ်စပ်မှ တရားမ၀င် တင်သွင်းတဲ့ ကုန်ပစ္စည်းများကိုထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အရေးယူမှု ကိုတော့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ စီးပွားကူးသန်း ၀န်ကြီးဌာန အနေနဲ့ နယ်စပ်မှ ကုန်ပစ္စည်းများ တရားမ၀င် မှောင်ခို တင်သွင်း ၀င်ရောက်မှုကို တာဆီးရန် နည်းလမ်းရှာ နေသလို တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှုကို သတင်းများ အရ ရှာဖွေ ဖော်ထုတ်ကာ သက်ဆိုင်ရာ ဌာနများကို အကြောင်းကြားပြီး ပူးပေါင်း ဖော်ထုတ်လျက် ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို ရှာဖွေ ဖော်ထုတ် ဖမ်းဆီး အရေးယူမှုတွေ ကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများ၊ အကောက်ခွန် ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူများနဲ့ ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။ အရေးယူရာ မှာတော့ တရားမ၀င် ပစ္စည်းများ မှောင်ခို တင်သွင်းမှုကို ရဲ ဥပဒေ၊ အကောက်ခွန် ဥပဒေစတဲ့ ဥပဒေများနဲ့ အရေးယူ သွားမှာ ဖြစ် ပါတယ်။ ပြည်တွင်းသို့ နယ်စပ်ဒေသမှ တရားမ၀င် မှောင်ခို ကုန်သွယ်မှု ပစ္စည်းများ အများဆုံး ၀င်ရောက် နေမှုဟာ မူဆယ်၊ မြ၀တီ၊ ဘိတ်၊ ကော့သောင်း၊ ချင်းရွှေဟော် စတဲ့ နယ်စပ်ဂိတ် တွေမှ အများဆုံး ၀င်ရောက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ ဂိတ်တွေ မှာတော့ တရားမ၀င် ပစ္စည်းများ ၀င်ရောက်မှုကို အဓိက ဖမ်းဆီး အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပြီး ကျန်တဲ့ နယ်စပ်ဂိတ်တွေ မှာလည်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

No comments:

Post a Comment