Thursday, September 13, 2012

ဈေးနှုန်းသင့်တင့် ဂျာမနီကား BMW X5

 မြန်မာပြည်ကို ဂျပန်လေလံမှ တစ်ဆင့် X5 –SUV တွေရောက်ပါတယ်။ ၂၀၀၇ မော်ဒယ်အထက်ကတော့ ကိုယ်စားလှယ်နဲ့ တင်သွင်းတယ်လို့ ယူဆ ရပါတယ်။ လက်တလော မြန်မာပြည်မှာ အတွေ့များတာကတော့ ၂၀၀၁ မော်ဒယ်ဖြစ်ပါတယ်။ ကားဟောင်းစလစ်အပ်ပြီး သိန်း ၄၀၀ ထပ်ပေးရင် ၃၀၀၀ စီစီ X5 တစ်စီးရပါတယ်။ ဒီတော့ အကြမ်းဖျင်း သိန်း ၄၅၀ အထက်မှာ ရှိတဲ့ကားလို့ ဆိုနိုင်ပါ တယ်။ BMW ဆိုတာ ဂျာမနီ ဘရမ်း ဖြစ်တဲ့အတွက် ဂျပန်ဖြစ် ပါဂျဲရိုး၊ ဆိုက်ကနစ်၊ ပရာဒိုတို့ထက် ဈေးအနည်းငယ် တတ် သွားပုံရပါတယ်။


၁၉၉၉ ခုနှစ်က ၂၀၀၆ ခုနှစ်ကြားကို ပထမမျိုးဆက်၊ ၂၀၀၆ ကနေ ယနေ့ထိကို ဒုတိယမျိုးဆက် ဆိုပြီး နှစ်မျိုးခွဲထုတ်ပါ တယ်။ ၂၀၀၆ မော်ဒယ်အထက် မှာမယ်ဆိုရင် သိန်း ထောင်ကျော်ကုန်ကျမှာ ဖြစ်ပါတယ်။ BMW ရဲ့ ပထမဆုံး SUV ကားဖြစ်ပါတယ်။ SUV ပလက်ဖောင်းကို ပထမဆုံး ဝင်ရောက်တာဖြစ်တဲ့အတွက် အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်။ အဓိက ဘာတွေထူးခြားလည်း ဆိုတော့၊ တောင်အတက်နဲ့ လမ်းမမဟုတ်တဲ့ တောကြမ်း မှာ မောင်းတဲ့အခါ အင်ဂျင်နဲ့ ကားကို ဘေးဘယ်ညာထိန်း ထားပေးမယ့် စနစ် ဖြစ်ပါတယ်။

၃၀၀၀ စီစီ မြင်းကောင်ရေ ၂၂၅ ထုတ် I ၆လုံး အင်ဂျင်၊ မြင်းကောင်ရေအား ၂၈၆ ထုတ်တဲ့ ၄၄၀၀ စီစီ အင်ဂျင်၊ ပစ်စတင် ၈လုံး V အင်ဂျင်၊ ၄၆၀၀ စီစီ မြင်းကောင်ရေ ၃၄၇၊ ၄၈၀၀ စီစီ ၃၅၅ hp, ၃၀၀၀ စီစီ I6 ဒီဇယ် အင်ဂျင်အစရှိသဖြင့် စုံလင်စွာ ထုတ်လုပ်ပါတယ်။ အဓိက ခွဲလိုက်ရင်တော့ ဂက်စ်အိုလိုင်း ၆လုံး အင်ဂျင်၊ ၈လုံး Vအင်ဂျင်၊ ဒီဇယ်အင်ဂျင် အစရှိတဲ့ သုံးမျိုးပဲ ဖြစ်ပါတယ်။ အမြန်ဆုံးမောင်နှင်အားကတော့ မိုင် ၁၃၀ ဝန်းကျင်မှာပါပဲ။ ဂီယာ ၅ ချက် ရိုးရိုးနဲ့ အော်တိုကို အစောပိုင်းမှာထုတ်လုပ်ပြီး ၂၀၀၄ နောက်ပိုင်းတော့ ၆ချက်ပြောင်းထုတ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရောက်မှာ ၅ချက်ထိုးအတွေ့ များမှာ ဖြစ်ပါတယ်။ BMW ရဲ့ လေးဘီးမောင်း စနစ်သုံးကား ပဲ ဖြစ်ပါတယ်။ အရှည် ၁၈၃.၇ လက်မ၊ အကျယ် ၇၃.၇ လက်မ၊ အမြင့် ၆၇.၂ လက်မကိုယ်စီ အတိုင်းရှိပြီး တံခါး ငါးပေါက် လေးယောက်စီး ခရီးသွား ကားကြီး ဖြစ်ပါတယ်။

ကားမှာ ရေဒီယို၊ Navigation စနစ်၊ တီဗီ၊ Telecommmunicatoin စနစ်၊ အော်တို ကွန်ပျူတာထိန်း ချုပ်စနစ် တို့ပါဝင်ပြီး ဘလူးတော့ဖုန်းဆက်သွယ်မ ကတော့ ၂၀၀၆ နောက်ပိုင်းမှာ ပြန်လည် တပ်ဆင်နိုင်ခြင်း ဖြစ်ပါတယ်။ သာမန် ဇိမ်ခံ SUV ကားတစ်စီးရဲ့ အခြေခံ အစိတ် အပိုင်းတော်တော်များများ ပါရှိပါတယ်။

ဒုတိယမျိုးဆက်ကတော့ တော်တော်ကို ခေတ်မှီသွားပါပြီ။ ဆီစားနှုန်းကိုလည်း ပိုမိုထိန်းချုပ်လာပေးပြီး အင်ဂျင်ပါဝါ ၃ ထောင်အထက်တွေ ဖြစ်တာတောင် ယခင်ကထက် လုပ်ဆောင်ချက်တွေ ပိုကောင်းပါတယ်။ ၄ထောင် စီစီကျော်များဆိုရင် မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၅၀၀ ကျော်အထိ ရှိလာပါတယ်။ ဂီယာ ၈ချက်ထိုး အော်တို ကို အသုံးပြုထားမှာ ဖြစ်ပါ တယ်။ လေးဘီးမောင်း စနစ်အတိုင်းသာ ဆက်လက်ထုတ်လုပ်ပြီး အဓိက ထူးခြား တိုးတက်လာတာကတော့ နောက်ဆုံးပေါ် နည်း ပညာပေါင်းစပ်မှု များ ဖြစ်ပါတယ်။ ဘက်ကင်မရာ လည်း ပါဝင်လာပြီး အတွင်းခန်း LCD တီဗီမှာ Navigation စနစ်လည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အမှန်တော့ ဒီ Navigation စနစ်တွေမှာ မြန်မာပြည်မှာ အသုံးမဝင်သေးပါ ဘူး။ ပါလာတဲ့ စက်တွေထဲမှာ အများစုက ဂျပန်နိုင်ငံ မြေ ပုံတွေချည်း ဖြစ်ပါတယ်။ စက်ကကောင်းနေပေမယ့် အလှကြည့်ရန်သာ ဖြစ်တဲ့အတွက် မပါလည်း ကိစ္စ မရှိတဲ့ ပစ္စည်း ဖြစ်ပါတယ်။

၂၀၀၆ မော်ဒယ်အောက်များကို ဂျပန်လေလံမှာ အလွယ်တ ကူ ရှာဖွေဝယ်ယူနိုင်ပါတယ်။












No comments:

Post a Comment