Saturday, September 8, 2012

KIA က မိုင်းထောင်ရုံတင်မက မိုင်းနင်းတဲ့သူဆီက လျော်ကြေးပါတောင်းနေ

From- KDN

လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်နေ ဦးရီမူချမ်းဆိုသူ သည် နွားပျောက်လိုက်ရှာရင်း ကောင်းဆာရွာအနီးတွင် KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်း မိပြီး သေဆုံး သွားတယ်လို့ သိရပါတယ်။
မိုင်းကွဲသွားတဲ့အတွက် ကျန်ရစ်တဲ့ ဦးရီမူချမ်း မိသားစုတွေဟာ နစ်နာကြေးမရတဲ့အပြင် မိုင်းတန်ဖိုး တရုတ်ငွေ ယွမ် ၂၀၀၀ အား KIA ရင်း(၁၆)သို့ သွားရောက်ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ KIA မှ ၎င်းတို့ထောင်ထားတဲ့ မိုင်းများအား လူသာမက၊ ကျွဲ၊ နွား၊ လားများနင်းမိပါကပိုင်ရှင်များထံမှ မိုင်းတန်ဖိုးကို ပြန်လည်တောင်းခံကြာင်း လွယ်ဂျယ်မြို့ရှိ  ဒေသခံတစ်ဦးက    ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment