Friday, September 14, 2012

ရှမ်းရွာသုံးရွာရွှေ့ပေးရန် KIA ညွန်ကြား

အစိုးရတပ်နှင့် KIA တပ်တွေ တင်းမာနေတဲ့အချိန်မှာ လိုင်ဇာဌာနချုပ် နဲ့နီးတဲ့ ရှမ်းရွာသုံးရွာကို တစ်ပတ်အတွင်းလုံခြုံရေးအရ ရွှေ့ပြောင်းပေးရန် KIA က ညွှန်ကြားချက်ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။
စက်တင်ဘာ(၈)ရက်နေ့က ညွှန်ကြားချက်ရောက်လာတယ်။ တစ်ပတ် အတွင်း ရွာထဲက လူအကုန်ထွက်ပေးရမယ်တဲ့။ တိုက်ပွဲကြီးတွေ ဖြစ် လာနိုင်တယ်။ လုံခြုံရေးအရ ရွာသားတွေအကုန်လုံး ရွာတွေကနေထွက်သွားပေး ပါလို့ ပြောတာဘဲ ဟု ဒေသခံတစ်ဦးက ပြော ပါတယ်။ ရွာရှိလူကုန်ပြောင်းရွှေ့ပေးဖို့ အမိန့်ပေးခံရတဲ့ရွာတွေကတော့ မိုးမောက်မြို့ နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲထဲပါဝင်တဲ့ ဗန်မော်၊ မန်ဆိုင်း၊ နားလုံ ရွာတွေဖြစ် ပြီး လိုင်ဇာဌာနချုပ်ကို တောင်ဘက်ခြမ်းက ၀င်နိုင်တဲ့ ကားလမ်းနဲ့အနီးကပ်ဆုံး ကျေးရွာတွေလည်းဖြစ်ပါတယ်။

တစ်ပတ်အတွင်း ရပ်မိရပ်ဖလူကြီးတွေ လိုင်ဇာသွားပြီး တစ်ပတ်အတွင်းတော့ ရွှေ့လို့မဖြစ်နိုင်သေးဘူး။ အချိန်ပိုပေးပါလို့ ကချင်လူကြီးတွေကို သွားပြီးတောင်းပန်နေရတယ်။ သွားတဲ့ရပ်မိရပ်ဖတွေရဲ့ အခြေအနေ လည်းမသိရသေးဘူး။ အခုထိ ရွာကို ပြန်မရောက်သေးဘူးလို့ ဒေသခံတစ်ဦးက စက်တင်ဘာ(၁၃) ရက်နေ့မှာ ကော့လီကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ အစိုးရတပ်က ၁၀၅ မမ အမြှောက်များနဲ့ လိုင်ဇာ ဒေသဘက်ကို ပစ်ခတ်နေတယ်လို့ KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောကြားကြောင်း ဧရာဝတီသတင်းဌာနက ရေးသားထား ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးလိုတယ်လို့ အစိုးရအဖွဲ့နဲ့ KIA နှစ်ဖွဲ့စလုံး ထုတ်ဖော် ပြောဆိုကြပေ မဲ့ တွေ့ဆုံဆွေးနွေးကြမယ့် နေရာသတ်မှတ်ဖို့ တောင် တစ်ဖက်နဲ့တစ်ဖက် လိုက်လျော့သဘောတူနိုင်ခြင်း မရှိသေးပါဘူး။
 
From- ကချင်နေ့စဉ်သတင်း

No comments:

Post a Comment