Monday, September 17, 2012

KIA မှ ဆက်ကြေးကောက် ၊ လူသစ်စုကြောင်း ဦးလနန်မှ ပြောကြား

RFA နှင့်တွေ့ဆုံမေးမြန်းရာမှာ ဦးလနန်အနေနဲ့ ဆက်ကြေးကောက်ခံတာမဟုတ်ဘူး ၊ အခွန်ကောက်ခံတာ ၊ ကြည်ကြည်ဖြူဖြူနဲ့ ပေးကြတာဆိုတဲ့ ပြောကြားချက်ဟာ ကချင်တိုင်းရင်းသားလူမျိုးတွေအတွက် ယခု လို မေးစရာဖြစ်လာခဲ့ပါပြီ။

ယခင်တုန်းကတော့ အခွန်ပဲကောက်တယ် ။ လူမသတ်ဘူး။ တပ်သားသစ်အနေနဲ့ မခေါ်ဘူး။ အခု အခြေအနေက မဖြစ်နိုင်တဲ့ငွေပမာဏကို မပေးမနေရ အတင်းအကြပ်တောင်းတယ်။ ဘယ်သူမဆို စီးပွားရေး လုပ်ပြီဆိုမှတော့ ငွေလိုချင်လို့ လုပ်ကြတာပါ။ ကြည်ကြည်ဖြူဖြူနဲ့ အခွန်ဆောင်ကြတယ်ဆိုတာ ဘယ်သူမှ မရှိနိုင်ပါဘူး။ အသတ်ခံရမှာ ကြောက်လို့သာ အခွန်ဆောင်တာပေါ့။ KIA အဖွဲ့ အခွန်ကောက်ခွင့်ကို ကုလသမဂ္ဂက တရားဝင်လုပ်ပိုင်ခွင့် ပေးထားတာလား။ ဒါမှမဟုတ် နိုင်ငံတော်က တရားဝင် ပေးထားတာလား ဆိုတာတော့ ပြည်သူများအားလုံး သိကြမှာပါ။

ပြောရေးဆိုခွင့်ရှိသူ ဦးလနန်မှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား တပ်သားသစ်စုတာနဲ့ ပက်သက်လို့ “ ကျွန်တော်ကတော့ သတိမထားမိဘူး ” “ကိုယ်ဝန်နဲ့ အမျိုးသမီးတစ်ယောက်ကို တပ်သားသစ်စုသွားတယ် ဆိုတာ မှားယွင်းမှုပဲဖြစ်လိမ့်မယ်” ဆိုတဲ့ ဘာတစ်ခုမှ ရေရေရာရာ မရှိတဲ့စကားတွေ အသုံးသင့်ဘူးလို့ ထင်ပါတယ်။ ဘာမှမသိရင် ဘာမှမပြောတာဘဲ ကောင်းပါတယ်။ ပြောလာခဲ့ရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး ။ KIA ကဒီလောက်လူသတ် ၊ ဖမ်းဆီးနေတဲ့အချိန်မှာ ဘယ်လိုလူမျိုးကမှ KIA မကောင်းကြောင်း ပြောရဲမှာ မဟုတ်ဘူး။ သူ့မိသားစုဝင် တစ်ဦးဦးနဲ့ တကယ်ပတ်သက်နေတဲ့ အတွက်ကြောင့်သာ RFA ကို သွားပြောခြင်းသာ ဖြစ်ပါတယ်။

KIA က တပ်သားသစ်စုတဲ့နေရာမှာ စည်းကမ်းချက်တွေနဲ့ စုဆောင်းတယ်လို့ ဦးလနန်မှ ပြောသွား ခဲ့ ပေမယ့် မိုးကောင်းမြို့နယ် ၊ ထိုးပူရွာဘက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လယ်လုပ်သူ၊ ကလေး လူကြီး တွေအပြင် မိုးညှင်းမြို့နယ်အတွင်း ရွှေမှော်တွေမှာ ဖမ်းဆီးသွားတဲ့ ရွှေတွင်းလုပ်သား အသက် ငယ်တဲ့သူတွေ ပြန်ရောက်လာတယ် ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ မရှိပါဘူး။တစ်နည်းတော့ ရှိတယ် ။ ငွေ နဲ့ပြန်ရွေးရင်တော့ အဆင်ပြေပါတယ်။ တွေ့တဲ့နေရာမှာ အတင်းဆွဲခေါ် ဖမ်းဆီးပြီးခေါ်သွားမှတော့ ဦးလနန်ပြောတဲ့ အိမ်ထောင်သည် အမျိုးသမီးတို့ ၊ အသက် (၁၈)နှစ်အောက်တို့ ၊ ကျန်းမာရေး မကောင်းတဲ့သူတို့ ၊ ညီအစ်ကို မောင်နှမမရှိတဲ့ တစ်ဦးတည်းသောသား/သမီးတို့၊ KIA ထဲမှာ အမျိုး တစ်ယောက်ယောက်ရှိတဲ့သူတို့ ဆိုတာတွေကို ဘယ်သူကစိစစ်လို့လဲ။ ဒါမှမဟုတ် တပ်သားသစ် သင် တန်းရောက်တော့လဲ မေးမြန်းလို့ သိခဲ့ရင်တောင် ဘယ်တုန်းက ပြန်လွှတ်ပေးခဲ့ဘူးလို့လဲ ။ ဦးလနန် စာတွေ ဖတ်ပြသွားတာပဲ ဖြစ်ပါလိမ့်မယ်။

ယခုဆို တပ်သားသစ်နဲ့ ပတ်သက်ပြီး ဖားကန့်ကဖမ်းသွားတဲ့ တပ်သားသစ်တွေထဲမှာ NLD ပါတီက သူတွေတောင် ပါကုန်ပြီ။ ဒါပေမယ့် တစ်ဦးကို ငွေ (၂၅၀၀၀) ကျပ်နဲ့ NLD ပါတီဝင်ဖြစ်ကြောင်း ထောက် ခံစာပြပြီး မိဘတွေက ပြန်ခေါ်နိုင်ခဲ့ပါတယ်။ ဦးလနန်ပြောတဲ့ တပ်သားသစ်စုတဲ့ စည်းကမ်းချက်တွေမှာ “NLD ပါတီဝင်” ဖြစ်ရင် ပြန်လွှတ်ပေးတယ်ဆိုတဲ့ အချက်ကို ပြောမသွားခဲ့ပါဘူး။

စုံစမ်းရေးကော်မရှင် ကချင်ပြည်နယ်ကို လာရောက်သွားတဲ့အပေါ် ဦးလနန်ပြောကြားချက်အရ  “ စုံစမ်း ရေး ကော်မရှင်ဟာ မြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာပဲ မေးမြန်းမှုတွေ ၊ လေ့လာမှုတွေ လုပ်တယ်” ဆိုတော့ တောထဲက ဒုက္ခသည်စခန်းတွေမှာ သွားမေးရင် ဘယ်သူက အသက်အာမခံပေး မှာလဲ။ ပြောတဲ့သူ ကရော အမှန်အတိုင်း ပြောရဲပါ့မလား။ အခုမိခင် ဗိုက်ထဲမှာ (၃) လပဲရှိသေးတဲ့ ခလေး ကိုတောင် ကြိုတင်ပြီး တပ်သားသစ်စုမှတော့ ကျန်တဲ့သူတွေဆို ပြောမနေပါနဲ့တော့။

KIA ရဲ့ လုပ်ရပ်တွေအတွက် ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဆက်ကြေးကောက်၊ လူသစ်စု တာတွေကို RFA နဲ့မေးမြန်းခန်းမှာ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ၀န်မခံလို့ မရတော့လို့ ထုတ်ဖော်ပြောခဲ့တယ် ဆိုပေမယ့် KIA ရဲ့ တကယ့်လုပ်ရပ်တွေကိုတော့ ဖွဖွလေးပဲ ပြောကြား ခဲ့တာပါ။ အခုတော့ အခြားသတင်းဝက်ဆိုဒ်တွေနဲ့ အင်တာနက်သတင်းစာမျက်နှာတွေမှာ ပလူ ပျံအောင် ပေါ်ထွက် လာပြီဖြစ်တဲ့ ဆက်ကြေးကောက် ၊ လူသစ်စုတဲ့လုပ်ရပ်တွေ ကတော့ KIA ရဲ့ ဇာခန်းဆီးနောက်ကွယ်က ဖြစ်ရပ်တွေ ကန့်လန့်ကာ ဖွင့်ချလိုက်သလို ရှင်းရှင်းကြီး ပေါ်လာတာဘဲ ဖြစ် ပါတယ်။
 
From -ကချင်နေ့စဉ်သတင်း

No comments:

Post a Comment