Friday, September 7, 2012

KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

From- Eleven Media Group

IO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၇ရက်နေ့တွင် နေပြည်တော်၌ ပြောကြား ခဲ့ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ငြိမ်းချမ်းရေး ရရှိရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်နေရာတွင် ကျန်သည့် အဖွဲ့များနှင့် အထိုက် အလျောက် အောင်မြင်မှုများ ရရှိရှိနေပြီ ဖြစ်ကြောင်း၊ KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ တော်တော်များများ အောင်မြင်မှု ရပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ရာနှုန်းပြည့် ရရှိရန်အတွက် အချိန်ယူ ဆွေးနွေး ဆောင်ရွက်ကြရ မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

No comments:

Post a Comment