(12
September 2012 ရက်စွဲပါ Glohal Post မှ Patrick Winn ရေးသားသော The
Return of “Made in Myanmar” to US closets ကိုဘာသာပြန်ဆိုသည်။)
အကယ်၍
သင်သည် Levi’s အဟောင်းတစ်ထည်ကိုရရှိခဲ့ပြီဆိုပါက တံဆိပ်ကို
ဖတ်ကြည့်လိုက်ပါ။ “Made in Myanmar”ဟု ရေးထားသည်ကို တွေ့ရပါက
သင်သည်ရှားရှားပါးပါး ရှေးဟောင်းပစ္စည်းတစ်ခု ရရှိခဲ့ခြင်းဖြစ်ပေသည်။
ထိုစဉ်က အမေရိကန်အဝတ်အထည် ထုတ်လုပ်သူများသည် မြန်မာနိုင်ငံမှ
လူမုန်းများသောအစိုးရနှင့် လျှို့ဝှက်အလုပ်လုပ်ပြီး
အများ၏ကန့်ကွက်မှုအန္တရာယ်ကြားမှ မြန်မာနိုင်ငံနှင့်စီးပွားရေးလုပ်ရန်
စိတ်အား ထက်သန်ခဲ့ကြသည်။
၁၉၉၂
တွင် များစွာပြောင်းလဲသွားခဲ့ပြီး၊ ထိုနှစ်တွင် Levi Strauss သည်
မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့်၎င်း၏ လူ့အခွင့်အရေးချိုဖောက်မှုများကို
တိုက်ရိုက်ထောက်ခံကူညီသလိုဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင်
စီးပွားရေးလုပ်ရန် မလွယ်ကူသဖြင့်ဟု ကြေညာ၍လုပ်ငန်းများ ရပ်နားခဲ့သည်။
ယခုအခါ
မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုလုပ်ရပ်များသည်
အနောက်နိုင်ငံအရေးယူမှုများကို အမှိုက်ပုံးထဲလွှင့်ပစ်ရန် ဖြစ်လာသည်။
မြန်မာနိုင်ငံ သည် အခြားအာရှနိုင်ငံများ(ဘင်္ဂလားဒေ့ရှ်နှင့်
ဗီယက်နမ်တို့ကိုစဉ်းစားရန်)နှင့် အပြိုင်ဖြစ်လာနေပြီ ဖြစ်သည်။
အမေရိကန်အဝတ်အထည် အမှတ်တံဆိပ် အများအပြား ထုတ်လုပ်ရန်တာဆူနေကြသည်။
ဤသည်မှာ
မလွှဲမရှောင်သာ ဖြစ်လာတော့မည်ဖြစ်သည်။ အ၀တ်အထည်ချုပ်လုပ်ခြင်းမှာ
တစ်မျိုးတည်းကိုသာ ထပ်ခါထပ်ခါလုပ်ရပြီး ပညာသား မပါခြင်းကြောင့်
လုပ်ခနည်းသောလုပ်ငန်းဖြစ်ရာ ထိုလုပ်ငန်းများသည် ဆင်းရဲသောနိုင်ငံများကိုသာ
မျက်စိကျကြသည်။ မြန်မာနိုင်ငံသည် အိန္ဒယနှင့် တရုတ်ကြားတွင်ရှိပြီး
မဟာဗျူဟာအရစီးပွားရေးအရ မှန်ကန်သောနေရာတွင် ရပ်တည်နေသည်။ အမှန်တကယ်လည်း
မြန်မာနိုင်ငံတွင် ထိုထုတ်လုပ်မှု လုပ်ငန်း ပမာဏကြီးမားစွာရှိဖူးသော်လည်း
၂၀၀၃ ခုနှစ်တွင် ဝမ်းနည်းဖွယ်အဖြစ်နှင့် ကြုံခဲ့ရပါသည်။ ထိုနှစ်တွင်
အမေရိကန်က မြန်မာနိုင်ငံမှ ပစ္စည်း တင်သွင်းခြင်းကို ပိတ်ပင်ခဲ့သည်။
မြန်မာနိုင်ငံသည်
အာရှတွင် အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံဖြစ်သည်။
အလွန်တရာဆင်းရဲသောနိုင်ငံများသည် ထိုဆင်းရဲတွင်းမှ လွတ်အောင်ကြိုးစားရာတွင်
၎င်းတို့အပေါ် ကမ်းလှမ်းလာမှု အနည်းငယ်သာရှိပြီး၊ လုပ်ငန်းကျွမ်းကျင်မှုမရှိသော
လူထုကြီးမှာ ပုံမှန်အလုပ်ကိုပင် ခက်ခက်ခဲခဲရှာနေရပြီး
လုပ်ခလစာနည်းပါးနေမှုသာ ရှိသည်။ ထို့ကြောင့် အထည်ချုပ်လုပ်ငန်းကို
ဂျပန်လူမျိုးသုတေသနပြုသူ Toshihiro Kudo ၏ စကားကိုငှား၍ ပြောရမည်ဆိုလျှင်
“The first rung on the industrialization Ladder”
(စက်မှုနိုင်ငံပြောင်းလဲရာတွင် အထည်ချုပ်သည် လှေခါးထစ်၏ ပထမအဆင့်)ဟု
ဆိုရပေမည်။
အဆိုပါနိုင်ငံများတွင်
အထည်ချုပ်လုပ်ငန်းသည် ထုတ်လုပ်မှုကဏ္ဍ၏မောင်းနှင်အားဖြစ်လာကြောင်း
၎င်းကရေးသားခဲ့ပြီး မျှော်လင့်ချက်များ လည်း ကြီးကြီးထားနိုင်ကြောင်း ဆိုသည်။
ထို့ကြောင့်
သင်သည် H+M တံဆိပ် Gap တံဆိပ် သို့မဟုတ် အခြားဈေးပေါသော ဆင်းရဲသော
အရှေ့တောင်အာရှနိုင်ငံများမှ ချုပ်သော အထည်များကို ဝယ်ယူလိုပါလျှင်
မကြာတင်သောကာလ၌ သင်၏အဝတ်ဆင်တွင် “Made in Myanmar”ဟူသော
စာတန်းပါသောအဝတ်အထည်များကို မျှော်လင့်နိုင်ပြီ ဖြစ်သည်။
******************************************************************************************
From -TransparencyMyanmarဘလော့
No comments:
Post a Comment