Friday, September 14, 2012

တရုတ်မြန်မာဆက်ဆံရေးကောင်းမွန်စေရန် တရုတ်ထိပ်တန်းလွှတ်တော်အမတ် အဆိုပြု

(Ximhua သတင်းမှ 14 Sept 2012 ရက်စွဲပါ “Top Legislator raises proposals for China-Myanmar relations” သတင်းကို ဘာသာပြန်ဆိုသည်)
အလည်အပတ်ရောက်ရှိနေသော ထိပ်တန်းတရုတ်လွှတ်တော်အမတ်ဝူဘန်ဂူက တရုတ်-မြန်မာဆက်ဆံရေး ပိုမိုရင်းနှီးစေမည့် အဆိုပြုချက် များကိုတင်ပြခဲ့ပြီး နယ်စပ်တည်ငြိမ်ရေး ပူးပေါင်းအားထုတ်မှုများ၊ နှစ်နိုင်ငံအ ကြားဖက်စပ်စီမံကိန်းကြီးများ ချောမွေ့စွာတိုးတက်ရေးကို ကြာသာပတေး နေ့က တိုက်တွန်းလိုက်သည်။

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှ ကော်မတီဥကဋ္ဌဝူက အောက်လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့်တွေ့ဆုံစဉ် ယင်းသို့အဆိုပြုခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာသောဝူသည် မြန်မာနိုင်ငံရောက် ပထမဆုံးအမျိုးသားပြည်သူ့ကွန်ဂရက် NPC ကော်မတီဥက္ကဌ ဖြစ်လာသည်။
နှစ်နိုင်ငံကခေါင်းဆောင်များ၏ သဘောတူညီချက်များကို နှစ်ဖက်စလုံး ထိရောက်စွာအကောင်အထည်ဖော်ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစေပြီး အပြန်အလှန်အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုများကို အားပေးနိုင်မည်ဟု မျှော်လင့်ကြောင်းဝူ ကပြောကြားသည်။
              ဝူ ကဆက်လက်၍ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန် နှစ်နိုင်ငံစလုံးနှင့်ဆိုင်သော အဓိကကိစ္စရပ်များအပေါ် အချိန်ကိုက် အမြင်ချင်းဖလှယ်ရန် တရုတ်-မြန်မာ မဟာဗျူဟာမြောက် လက်တွဲနိုင်စေမည့် လက်တွေ့စီမံချက်ကိုရေးဆွဲကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
“တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးအနေဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမည့်အစီအစဉ်များကိုသာ ဆောင်ရွက်သင့်ကြောင်း၊ တရုတ်-မြန်မာဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကဲ့သို့သော စီမံကိန်းကြီးများအောင်မြင်ရေးကို သေချာအာမခံသင့်ကြောင်း၊ သို့မှသာ အပြန်အလှန် ကုန်သွယ်ရေးတွင် စိတ်ချယုံကြည်မှုရှိအောင် အားပေးနိုင်မှာဖြစ်ကြောင်း” ဝူ ကဆက်လက်ပြောကြားသည်။        
ထို့အပြင် “နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် စီမံခန့်ခွဲမှုကိစ္စများကို မြန်မာနိုင်ငံနှင့်ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုလေးစားကြောင်း၊ မြန်မာနိုင်ငံ၏ ဆိုင်ရာဆိုင်ရာ အုပ်စုများ၊ အဖွဲ့များအနေဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းမှုမှ တစ်ဆင့် ပြဿနာများကို ဖြေရှင်းနိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း” ဝူ ကပြောဆိုခဲ့သည်။
ဆက်လက်ပြီး ဝူ က “ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အာဆီယံဒေသတွင်းဖိုရမ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစသော အစီအစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို နှစ်နိုင်ငံစလုံးအရှိန်မြှင့်တင်ကာ တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးက အပြန်အလှန် ကူညီပံ့ပိုးပေးသွားကြရန်” အကြံပြုပြောကြားသည်။
လွှတ်တော်ချင်း အပြန်အလှန်ဖလှယ်မှုနှင့်ပတ်သက်၍ ဝူ နှင့် ဦးရွှေမန်းတို့ နှစ်ဦးစလုံးက နိုင်ငံအုပ်ချုပ်ရေး၊ ဒေသတွင်းနှင့်နိုင်ငံတကာ လွှတ်တော်များနှင့် တိုးမြှင့်ဆက်သွယ်ရေးအပါအဝင် ဒီမိုကရေစီနှင့် တရားရေးစနစ်တို့တည်ဆောက်ရေးတွင် နှစ်နိုင်ငံလွှတ်တော်များ အပြန်အလှန် သင်ယူလေ့လာကြရန်နှင့် နှစ်နိုင်ငံကျယ်ပြန့်သော မဟာဗျုဟာမြောက်လက်တွဲမှုကို ဆက်လက်ခိုင်မာအောင် ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြား ခဲ့ကြသည်။
              အီရန်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဒုတိယခရီးတစ်ထောက်ရပ်နားနေသော ဝူဘန်ဂူ၏ လေးနိုင်ငံခရီးစဉ်တွင် သီရီလင်္ကာနှင့် ဖီဂျီနိုင်ငံ တို့လည်း ပါဝင်သည်ဟု သိရှိရသည်။

င်္From - TransparencyMyanmar ဘလော့

1 comment:

  1. တရုတ်နဲ့လုပ်ထားတဲ့အစီအစဉ်တွေကတော့ မြန်မာနိုင်ငံအတွက် အကျိုးရှိစရာမမြင်ရတဲ့အတွက် ကန့်ကွက်ပါတယ်... တရုတ်နဲ့သတိထားပီးပေါင်းဖို့ တိုက်တွန်းပါတယ်.. စီမံကိန်းကြီးတွေလုပ်တဲ့အခါ မြန်မာနိုင်ငံအတွက် အနည်းဆုံး 50% ရမှလုပ်ကြဖို့တိုက်တွန်းချင်ပါတယ်

    ReplyDelete