Monday, September 17, 2012

မြန်မာပြည် ဒီမိုကရေစီခေတ်ဦးသို့ ရောက်ခဲ့ပြီ ဟု NLD ပြော

" မြန်မာပြည် ဒီမိုကရေစီခေတ်ဦးသို့ ရောက်ခဲ့ပြီ" လို့ သုံးသပ်ထားတဲ့ စာတမ်းတစောင်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၁၅ ရက် နေပြည်တော်မှာကျင်းပတဲ့ ဒီမိုကရေစီနေ့အခန်းအနားကို တင်သွားတဲ့စာတမ်းမှာ အဲဒီလိုသုံးသပ်ထားတာ ဖြစ်ပါတယ်။ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအလွန်မှာ ပြည်သူတစ်ရပ်လုံးပါဝင်ပြိး အနစ်နာခံကြိုးပမ်းမှုကြောင့် ၂၀၁၁-နှစ်ဦးမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံတဲ့ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းမှာတော့ ဗိုလ်ချုပ်ဟောင်း တွေ အများစုပါဝင်တဲ့ အစိုးရအဖွဲ့ကို "ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်"၊ လက်ရှိအခြေအနေကို "ဒီမိုကရေစီခေတ်ဦး" အဖြစ် အဖွဲ့ချုပ်က သုံးနှုန်းတာ ဒါပထမ ဆုံးအကြိမ် ဖြစ်တယ်လို့ မှတ်ချက်ပေးပြောဆိုနေပါတယ်။
From-DVB

No comments:

Post a Comment