Monday, September 17, 2012

ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံအပေါ် အမေရိကနှင့် အနောက်အုပ်စု၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ရေး အတွက် ဦးဆောင် အခန်းကဏ္ဍမှ နေ၍ ပြင်းထန် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၄ နှစ်အကြာတွင် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိ လာကာ ထောက်ခံမှု၊ ဝေဖန်မှု၊ ဆန့်ကျင်မှုများ ရင်ဆိုင် နေရသူ ဦးမိုးသီးဇွန်နှင့် တွေ့ဆုံ မေးမြန်း ထားသည်များကို စုစည်း ဖော်ပြ လိုက်ပါသည်

VOICE : ပထမဆုံး မေးခွန်း အနေနဲ့ ဦးမိုးသီးဇွန်တို့ ဟိုနေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်တော့ ခုပြန်ရောက်လာ တာနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်ကိုပြော ခဲ့တယ်။ အဲဒီထဲမှာ အခု လက်ရှိ အကောင် အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ထဲမှာ ပါဝင်မယ်၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေထဲမှာ ပါဝင်မယ်လို့ ပြော ခဲ့တယ်။ အဲဒါကို အစိုးရက ဘယ်လောက် အထိ လုပ်ခွင့်ပြုမယ်၊ ပါဝင်ခွင့် ဘယ် လောက်အထိ ရမယ်လို့ မျှော်လင့်ထားလဲ ခင်ဗျ။
UMTZ : ဝန်ကြီး ဦးအောင်မင်းနဲ့ရော၊ ဝန်ကြီး ဦးစိုးသိန်းနဲ့ရော ကျွန်တော်တို့ တော်တော် ဆွေးနွေးဖြစ်တယ်။ အပြင်မှာ ကြိုတင် ဆွေးနွေးတာ တွေရောပေါ့။ သူတို့ တော်တော် Welcome လုပ်ပါတယ်။ ကျွန်တော်တို့ကို ပြန်လာပါ။ ပါတီထောင် ချင်လည်း နိုင်ငံရေး ပါတီ တည်ထောင်ပါ။ လူမှုရေးတွေ လုပ်ချင်ရင်လည်း လူမှုရေးတွေ လာလုပ်ပါ။ နောက်တွေ့ချင်တဲ့ သူတွေ နဲ့ တွေ့ပါ။ ပြောချင်တဲ့ လူတွေနဲ့ စကား ပြောပါ။ ခုပြောင်းသွားပါပြီ။ အရင် အစိုးရ နဲ့ မတူဘူး။ နိုင်ငံရေး အရ လှုပ်ရှားခွင့် တွေ ပေးမယ်။ အဲတော့ ကျွန်တော်လာ ချင်တယ်၊ အရင် လေ့လာချင်တယ် ပြော တော့ သူတို့က ဖိတ်တယ်လေ။ အခုရောက် လာတော့လည်း သူတို့ အစိုးရ ဘက်က သဘောထား မပြောင်းဘူး။ နိုင်ငံရေးအရ လှုပ်ရှားခွင့်တွေ ပေးမယ်လို့ ပြောတယ်။ အဲဒါကို ကျွန်တော် ယုံကြည်တယ်လေ။
VOICE : နောက်တစ်ခုက ဘာလို့ ခုလို ၂၄ နှစ်တောင် နေပြီးမှ ပြန်လာ တာလဲ ခင်ဗျ။ အရင်တုန်းက ပြန်လာခွင့် မရလို့ လား။ ဘာကြောင့်လဲ။
UMTZ : အဓိက အကြောင်းအရင်း က တော့ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာ လည်း ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ ကျွန်တော်တို့ ခြောက်ကြိမ်ထက် မနည်း ဆွေးနွေး ခဲ့တယ်။ ကျွန်တော်ရယ်၊ ဗိုလ် ချုပ်မြ ရယ်ပေါ့။ သမိုင်း ပါမောက္ခကြီး ဦးထွန်းအောင်ချိန်နဲ့ ဆွေးနွေး ခဲ့တယ်။ အဲဒီ တုန်းကလည်း ကျွန်တော်တို့ ဒီသဘော ထားပဲ ဆွေးနွေးတာ ပြန်လာခွင့် ပြုပါ၊ နိုင်ငံရေး အင်အားစုတွေ သိက္ခာရှိရှိ ရပ် တည်ခွင့် ပြုပါ၊ လူထုတွေကို စည်းရုံးရေး လုပ်ခွင့် ပြုပါ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှု လုပ်ပေးပါ၊ နိုင်ငံတော်နဲ့ လက်တွဲပြီး ဒီမိုကရေစီ ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ် ပေါ့။ ဗိုလ်ချုပ်မြရော၊ ကျွန်တော်ရော ဒါပဲ ပြောတာ။ အဲဒါတွေက မဖြစ်လာဘူး ပေါ့။ နောက် ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ကျွန်တော်က အမေရိက ရောက်တဲ့အချိန် မှာလည်း သူတို့ လွှတ်လိုက်တဲ့ ကိုယ်စား လှယ်တွေက တစ်ဆင့် ဆွေးနွေးတယ်။ ဒါပေမဲ့ ဒီသဘောထားပဲ။ အဆင်မပြေ ဘူး။ ခဏစောင့်ပါ၊ ဘယ့်နှယ်လုပ်ပါ ဘာညာနဲ့ ဆိုပြီး ၂၄ နှစ်ဖြစ်သွားတာ ပေါ့။ ကျွန်တော်တို့ အဲဒီတုန်းကလည်း ဆွေးနွေးတယ်။ နိုင်ငံရေးအကျဉ်းသား တွေ လွှတ်ပေးဖို့၊ ဒီမိုကရေစီကို ကျင့် သုံးဖို့၊ မီဒီယာကို လွတ်လပ်ခွင့် ပေးဖို့ ဆိုတာလည်း တစ်လျှောက်လုံးပြောခဲ့ တယ်။ သူတို့ ဘက်မှာလည်း ဘာအခက် အခဲတွေ ရှိလဲ မသိဘူးပေါ့။ အဆင်မပြေ ခဲ့ဘူး။ အရင် အစိုးရ လက်ထက် ကတည်း က နိုင်ငံရေး လှုပ်ရှားမှုကြီး ဒီထက်ပို ပြောင်းလဲ ခဲ့ရင် ဘယ်သူ့မှာမှ ဝေဒနာတွေ ခံစားစရာ မရှိဘူး ပေါ့လေ။ အားလုံးဒဏ် ရာတွေနဲ့ မကျန် ခဲ့ဘူးပေါ့။ အခုကျတော့ ဒါတွေ ကျော်ပြီး အဆင့် တစ်ခုရောက် သွားပြီလေ။
VOICE : အခု အဆင့်တစ်ဆင့် ကျော် သွားပြီ ဆိုတော့ လုပ်ခွင့်ရပြီလို့ ဆိုလို တာလား။ အဲဒါဆို ဘယ်ကိစ္စကို အဓိက ထား လုပ်ဆောင်သွားဖို့ ရှိလဲခင်ဗျ။
UMTZ : စီးပွားရေး ပိတ်ဆို့မှု ရပ်ဖို့ကို အရင်ဆုံး လုပ်ရမယ်။ စီးပွားရေး ပိတ်ဆို့မှု ကြီး ရှိနေရင် ဘာမှ ဆက်လုပ်ဖို့ မလွယ် ဘူးလေ။ လူထု အခြေအနေကို တို့အား လုံး သိပြီးပြီ။ လူတွေ အတော်များများက စားဝတ်နေရေး အကျပ်အတည်း အကုန် လုံး ဆိုက် နေကြတာ။ နပိုလီယံ ပြောဖူး တယ်။ စစ်တပ်ဆိုတာ အစာအိမ်နဲ့ ချီ တက်တယ်တဲ့။ ကျွန်တော်တို့ နိုင်ငံရေး လည်း ဒီအတိုင်းပဲလေ။ ကျွန်တော်တို့ Model တွေ ယူထားပြီး တိုက်နေတာ လည်း တိုက်နေတာ ပေါ့လေ။ လက်တွေ့ မှာတော့ တကယ် ထမင်းက ငတ်နေပြီ။ ၈၈ လှုပ်ရှားမှုကြီး ကတည်းက သတိပြု မိလာတာ အခုဆို အဆိုးဆုံး အချိန်ပေါ့ ကွာ။ စီးပွားရေး ပိတ်ဆို့မှုတွေ အမြန်ဆုံး ရပ်သွားအောင် လုပ်ဖို့ အရေးကြီးဆုံး ပေါ့။ ကျွန်တော်တို့ ဆီမှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ နှစ်ခု စလုံးအမြန် ဆုံး ပြောင်းဖို့ လိုအပ်တယ်။Macro စီးပွားရေးရော၊ Micro စီးပွားရေး ရော ပြောင်းရမယ်။ Macro Economy က တည်ငြိမ်မှု မရှိဘူး။ အဲဒါတွေ ပြောင်းနိုင် ဖို့ စီးပွားရေး ပိတ်ဆို့မှု အလုံးစုံ သွားဖို့ လိုတယ်။ ဒါတွေကို လုပ်ဖို့ အစိုးရရော၊ လူထုရော၊ ဒီမိုကရေစီ အင်အားစုတွေ ရော ပူးပေါင်းဖို့ လိုအပ်တယ်။
VOICE : ဆန်ရှင် (Sanction) ပိတ်ဖို့ အတွက် လုပ်ခဲ့တဲ့ အထဲမှာ ဦးမိုးသီးဇွန် တို့ ရှေ့ဆုံးက ပါခဲ့တယ်ပေါ့။ အခု စီးပွားရေး ပိတ်ဆို့မှု ရပ်အောင် ပြန်လုပ် မယ် ဆိုတော့ ဘယ်လို လုပ်ဆောင်သွား မလဲ၊ ဘာတွေ ပြန်ဆောင်ရွက် ပေးနိုင် မလဲ။
UMTZ : ကျွန်တော့် အနေနဲ့ ဒီမှာရှိတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လိုက်ကြည့် ချင်တယ်။ ပြီးရင် ထောင်တွေမှာ ထားတဲ့ ရဲဘက် စခန်းတွေကို ပိတ်ပစ် စေချင်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဦးသိန်းစိန် အစိုးရနဲ့ ပေါင်းပြီး ဝိုင်းဖြေ ရှင်း ချင်တယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကျွန်တော်အရင်ဆုံး ဆွေးနွေးပါမယ်။ နိုင်ငံတကာက ပြောတာတွေကို လိုက် လုပ် ဖို့တော့ လိုမယ်။ ဟိုရောက်သွား တာနဲ့ အမေရိကန် အစိုးရကို Sanction မြန်မြန် ရုပ်သိမ်းဖို့တော့ တိုက်တွန်းမှာ ပဲ။ Sanction ကို Totally Lift ဖြစ် သွားအောင် ပြန်တိုက်တွန်းမယ်။ အခုလို Step by Step အဆင့် မဟုတ်ဘဲ အားလုံး ပြီးပြတ် သွားအောင် ပြောရမှာပဲ။ ကျွန် တော်တို့ ပြည်သူတွေ ဆင်းရဲ နေပြီလေ။
VOICE : စီးပွားရေး ပိတ်ဆို့မှုတွေ စလုပ် တုန်းက ဦးဆောင်ခဲ့ပြီး ဘာကြောင့် ခုမှ ချက်ချင်း ပြန်ဖွင့်ချင် ရတာလဲ ခင်ဗျ။
UMTZ : ကျွန်တော် ပြောပြီးပြီလေ။ ကျွန်တော်တို့ လူထု ဆင်းရဲ နေပြီ။ စီးပွား ရေး ပြုပြင် ပြောင်းလဲမှု လုပ်ဖို့က Sanction ရပ်ကို ရပ်မှ ရမယ်။ ကျွန်တော်တို့ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု တွေဆီကို သွားစေချင် တယ်။ အမေရိကန်ဆို Sanction (စီးပွား ရေး ပိတ်ဆို့မှု) တွေ ပြန်ဖွင့်ဖို့ ကျွန်တော် တို့ တိုက်တွန်းရင် ပို ထိရောက်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒါတွေ စလုပ်ဖို့ တိုက်တွန်း ခဲ့တာကိုး။ ဟုတ်တယ်။ ဗမာ ပြည်က ပြောင်းလဲသွားပြီ။ အစိုးရ ကလည်း ပြောင်းလဲ ချင်တယ်။ ဒါတွေကို ကျွန် တော် ပြန်ပြောပြ ရမှာပေါ့။ ကျွန်တော် အခု ဒီကို ပြန်လာလို့တွေ့တာ တစ်ခုက အစိုးရရော၊ တိုင်းရင်းသားတွေရော၊ ဒီမို ကရေစီ အင်အားစု တွေရော၊ ပြည်သူလူထု ကရော အားလုံး ပြောင်းလဲမှုကို လိုလား ကြတယ်။ အဲဒါက ထူးခြားချက်ပဲ။
VOICE : နောက်တစ်ခုက နှစ်ဆယ့် လေးနှစ်လုံးလုံး ဦးမိုးသီးဇွန်တို့ တပ်မ တော် အစိုးရကိုအတိုက်အခံ လုပ်လာခဲ့ တယ်ပေါ့လေ။ အခု တပ်မတော် အကြီး အကဲတွေ ပြန်ပါဝင်နေတဲ့ အစိုးရသစ် လက်ထက်မှာ ပြည်ပက အတိုက်အခံ တွေနဲ့ ပြန်ပူးပေါင်း လုပ်ဆောင်မယ်လို့ ပြောတယ် ပေါ့နော်။ လက်ရှိ အစိုးရနဲ့ ဘယ်လို ပူးပေါင်း သွားမလဲ။ အခုလက်တွဲ အလုပ် ပြန်လုပ်ရမယ် ဆိုတာ့ ဦးမိုးသီးဇွန် အနေနဲ့ ဘယ်လို သဘောထားမျိုး ရှိလဲ မသိဘူး။
UMTZ : အပြောင်းအလဲ တွေကို ဒီမို ကရေစီ နည်းကျကျ ပြောင်းလဲ လာမယ်။ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာ လာမယ်၊ လူ့အခွင့်အရေးတွေ ကို လေးစား လိုက်နာ လာမယ်၊ အဲဒါတွေ ချက်ချင်း လုပ်ဖို့တော့ အစိုးရမှာ အခက် အခဲတော့ ရှိမှာပေါ့လေ။ အဲဒီ အပေါ်မှာ တော့ ကျွန်တော့် အနေနဲ့ အစိုးရနဲ့လက် တွဲ လုပ်ဖို့ ဘာအဖုအထစ်မှ မရှိပါဘူး။ ကျွန်တော်တို့ လုပ်ချင်နေတဲ့ ဟာတွေ အစိုးရက လက်တွဲ လုပ်မယ် ဆိုတော့ ဝမ်းသာ မိတယ်။ ကျွန်တော့် အနေနဲ့က ဒီနိုင်ငံ ပြန်လာတာ ပါတီ ထောင်ဖို့၊ လူကြီး လုပ်ဖို့၊ အမတ်လုပ်ဖို့ ပြန်လာတာ မဟုတ်တော့ လူတိုင်းနဲ့ လက်တွဲသွားနိုင် ပါတယ်။
VOICE : ဦးမိုးသီးဇွန် အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို ဟိုအရင်တုန်းက ရော၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်တုန်းကရော ဝေဖန်မှုတွေ ပြုလုပ်ခဲ့ တယ် ပေါ့နော်။ အခု ဒေါ်အောင်ဆန်းစု ကြည် လွှတ်တော်ထဲမှာ ရှိနေတဲ့ နိုင်ငံ ရေး အခင်းအကျင်း ကိုရော ဘယ်လိုမြင် လဲခင်ဗျ။
UMTZ : ကျွန်တော်ကတော့ တော်တော် လေး ဝေဖန်ခဲ့တယ်။ ငယ်ငယ်တုန်းက ပေါ့။ အဲဒါကလည်း အဲဒီ အချိန် ကာလ ရဲ့ နိုင်ငံရေး အခြေအနေတွေ၊ ခံယူချက် တွေကြောင့် ပေါ့လေ။ ဒါပေမဲ့ နှစ်ယောက် ချင်း သွားပြောရင်တော့ ရတာပေါ့။ အခု လို မပြောဖြစ် ခဲ့ကြလို့ပေါ့လေ။ ကျွန်တော့် ရဲ့ နိုင်ငံရေး ရင့်ကျက်မှု မရှိသေးတဲ့ ပြဿနာပေါ့။ အဲလိုပဲ ကျွန်တော့်ကိုယ် ကျွန်တော် ဝေဖန်ချင်တယ်လေ။ အဲဒီ အချိန်ကလည်း တွေ့ဖို့ အခွင့်အရေးမျိုး သူ ပေးခဲ့ပါတယ်။ ၂၀၁၂ မှာ ပြောခဲ့တာ ကျတော့ ကျွန်တော်တို့က ၂၀၀၈ အခြေခံ ဥပဒေကို လက်မခံ ဘူးလေ။ ဒါကိုပြုပြင် ဖို့ လိုနေသေးတယ်လို့ ကျွန်တော် ယူဆ တယ်။ နိုင်ငံ အပြောင်းအလဲကို ပါလီမန် တစ်ခုတည်းက လုပ်လို့မရဘူး။ ပါလီမန် အထဲကရော၊ အပြင်ကရော လုပ်မှရမယ် ဆိုတာလည်း ယုံကြည်နေတာပေါ့။ ဒါ ပေမဲ့ အခြေခံ ဥပဒေ ပြောင်းလဲဖို့ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လုပ်လို့ မဟာ ဗျူဟာ တစ်ရပ်ကြောင့် မူဝါဒ တစ်ရပ်ဖြစ် လာတာပေါ့လေ။ အဲဒီတော့ ကျွန်တော် တို့က အငြင်းပွားနေမယ့် အစား ဘယ်လို ပူးပေါင်း ပါဝင်ရင် ကောင်းမလဲ ဒါပဲ စဉ်းစား တော့တယ်။ ဒါပေမဲ့ အရင်တုန်းကတော့ ဝေဖန်မှု ရှိခဲ့တာပေါ့။ ဝေဖန်တယ်ဆို တာကလည်း ဒီမိုကရေစီ ပဲလေ။ ဝေဖန် ပြီးရင် ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာတော့ ရှိသင့် တာပေါ့။
VOICE : ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ရှိတယ်လို့ ဟိုနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တယ်။ အဲဒီတော့ ဘယ်နေ့လောက် တွေ့ဖြစ်မလဲ။ ဘာတွေ ဆွေးနွေး ဖြစ်ကြမလဲ။
UMTZ : အင်း နောက်အပတ်လောက် တွေ့ဖြစ်မယ်။ ဘာဆွေးနွေး မလဲ၊ ဒေါ်စု ဘာခိုင်းမလဲ၊ ဘာတာဝန် ပေးမလဲ ဆိုတဲ့ ပေါ်မူတည် ပါတယ်။ သူပေးတဲ့ တာဝန် တွေ ဆောင်ရွက်သွားပါမယ်။
VOICE : နောက်တစ်ခု အခုအစ်ကိုတို့ ပြန်လာတဲ့အချိန်နဲ့ မြောက်ပိုင်း ကိစ္စ တွေက အချိန်ကိုက် ထပေါ်လာတယ် ပေါ့လေ။ နောက် ဦးမိုးသီးဇွန် အပေါ် လည်း စွပ်စွဲချက်တွေ ရှိနေတယ်ပေါ့။ အဲဒီအပေါ် ဘယ်လို သဘောထားရှိလဲ ခင်ဗျ။
UMTZ : အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်ပြောရရင် အမှန်တရား အတိုင်း ပဲ ဖြစ်စေချင်တယ်။ စွပ်စွဲချက်တွေ အပေါ် ကတော့ အမှန်တရားကို မကြောက်လို့၊ အမှန်တရားကို ရင်ဆိုင်ရဲလို့ ကျွန်တော် ဒီအထိ ရောက်လာတာ။ အမှန်တရား အတိုင်း၊ တရားဥပဒေအတိုင်း ရင်ဆိုင် သွားရင်လည်း ကျွန်တော် သက်သေ လိုက် ပေးလို့ ရပါတယ်။ ဘယ်သူ လုပ်ခဲ့တာ၊ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ အဲဒီ မှာ ပေါ်လာမှာပေါ့လေ။ အမှန်တရား အတိုင်း၊ တရားဥပဒေအတိုင်း ဖြစ်သင့် တာ ပေါ့ကွာ။
VOICE : ဒီရခိုင် ပြဿနာ ဖြစ်နေတုန်း ရိုဟင်ဂျာတွေနဲ့ အစ်ကိုနဲ့ ပတ်သက်တယ် ဆိုတဲ့ ဗီဒီယိုဖိုင် အင်တာနက်မှာ ပျံ့လာ တယ်။ အဲဒါကရော ဘယ်လိုဖြစ်ခဲ့ တာလဲ။
UMTZ : ၂၀၀၇ ခုနှစ်မှာ သံဃာလှုပ် ရှားမှုကြီး ဖြစ်တယ်။ တွေ့နေမြင်နေရ တော့ အားလုံး ရင်ကွဲပက်လက် တွေဖြစ် ကြတာပေါ့။ ကိုယ်တွေ ကန်တော့နေတဲ့ ဆရာတော်တွေ အရိုက်ခံ နေရတော့၊ အဲဒါတွေ မြင်နေရတော့ စိတ်က မထိန်းနိုင် တော့ဘူး။ ဒီမြင်ကွင်းကြီးကို မမြင်ချင် ဘူးပေါ့လေ။ အဲဒီအချိန်မှာ ပီနန်က ဆရာတော်တစ်ပါး ကျွန်တော့်ကိုခေါ်တယ်။ အဲဒီတော့ မလေးရှားမှာ ဆွေးနွေးပွဲ တစ်ရပ်လုပ်ပြီး တစ်ခုခု ပြန်တုံ့ပြန် ဖို့ပေါ့ နော်။ ရှိသမျှ အင်အားတွေ အကုန်စည်း ရုံး ပေါ့နော်။ အဲဒီမှာ စစ်တွေက ရိုဟင်ဂျာ ဆိုသူတွေ ပါလာတာပေါ့။ ကျွန်တော် လည်း သူတို့ဆီ သွားခဲ့တယ်။ အဲဒါ ဟို အချိန်တုန်းက ပြောတာ။ ရခိုင်ပြဿနာ ဖြစ်တော့ အချို့တွေက ဖြတ်ညှပ်ကတ် ပြန်လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်ကြ တာ။ ဒါပါပဲ။ ကိုယ့်အနေနဲ့ ရခိုင်ပြည် အရေးမှာ ငြိမ်းချမ်းရေးကို ကြည့်ချင် တယ်။ ရခိုင်ပြည်နယ် တိုးတက်လာတာ ကို ကြည့်ချင်တယ်။
From -TheVoiceWeekly

No comments:

Post a Comment