Tuesday, September 4, 2012

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို RNDP မှ အမေရိကန်ပြည်ထောင်စုတွင်ပြော

ရခိုင်တွင် ရှိနေသော ဘင်္ဂလီများမှာ ရိုဟင်ဂျာဖြစ်ကြောင်းကို အမေရိကန်ပြည်ထောင် စု ဆွေးနွေးပွဲတစ်ခုတွင် ဘင်္ဂလီ တစ်ဦးဖြစ်သူ (Wali Ullah)က တင်ပြဆွေးနွေးချက်ကို ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီမှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက ကန့်ကွက်ထောက်ပြ ခဲ့ကြောင်း သတင်းရရှိသည်။
ကိုမောင်ဝင်းစိုးမှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးများမရှိ၊ ၎င်းတို့လူမျိုးကို ကုလားဟုခေါ်ပြီး ဘင်္ဂလီ မူဆလင် ခေါ်တောများကို ရခိုင်ပြည်နယ်တွင်းမှာသာပါမက မြန်မာတစ်နိုင်ငံလုံးက ကုလားဟု ခေါ်ကြောင်းနှ င့် ဘင်္ဂလီမူဆလင် ခေါ်တောလူမျိုးများမှာ တစ်ဘက်နိုင်ငံက ခိုးဝင်လာသော လူမျိုးများသာဖြစ်ပြီး အိမ်ရှင်ကို ဧည့်သည်မှ စော်ကားလာသော ပြဿနာများဖြစ်ပါကြောင်းကို ဆွေးနွေးပွဲတွင် ကန့်ကွက် ထောက်ပြ ခဲ့ကြောင်းကို ခိုင်အောင်ကျော် (နယူးယောက်)မှ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဘူးသီတောင်မြို့နယ်မှ ကုလား (Wali Ullah)က ၎င်းသည် ရိုဟင်ဂျာပါတီ မှဖြစ်ပြီး ယခု ဖြစ်ပျက်နေသော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးများ၏ အခြေအနေများကို ပြောပြရလျှင် ငိုချင်ပါကြောင်းနှင့် ရိုဟင်ဂျာ လူမျိုးများအား ကူညီပေးစေလို ပါကြောင်းကို ဆွေးနွေးချက်များ အပေါ်တွင် ကိုမောင်စိုးဝင်းမှ ကန့်ကွက် ထောက်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စုအစိုးရက (Managing Media and Rupblic) အစီအစဉ်အရ မြန်မာနိုင်ငံ က နိုင်ငံရေးပါတီ တွေ ကို ဖိတ်ခေါ်ခဲ့ပြီး (Freedom House) ဥက္ကဌ (Robert Haman) အပါအ၀င် ပါတီများမှ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ (၂၉)ရက်နေ့က ၀ါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
အဆိုပါ လေ့လာရေးခရီးစဉ်မှာ သြဂုတ်လ(၂၇)ရက်မှ စက်တင်ဘာလ(၁၄)ရက်နေ့ထိ ဖြစ်ပြီး ခရီးစဉ်တွင် မြန်မာနိုင်ငံ နိုင်ငံရေးပါတီများဖြစ်သည့် ဒီမိုကရက်တစ်ပါတီ(DP)မှ ကိုသန်းဇော်အောင်၊ (NUP)မှ ကိုဇင်မောင်မောင်ဌေး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ကိုစိုင်းဝင်းမြင့်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကိုမောင်ဝင်းစိုး၊ (CND)မှ ကိုထိယန်အုပ်ထန်း၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)မှ ကိုကျော်သူရ၊ (CPP)မှ ကိုစိန်ထွန်း၊ (National Democratic Party of Development) မှ Wali Ullah တို့ ပါဝင်ကြောင်း သိရသည်။
လေ့လာရေးအဖွဲ့မှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့တွင် ပထမလေ့လာရေးဖြစ်ပြီး ဒုတိယအစီအစဉ် အဖြစ် ဖလော်ရီဒါပြည်နယ်။ တတိယအစီအစဉ်အဖြစ် အိုင်အိုးဝါးပြည်နယ်ဖြစ်ပြီး ၄င်းမှတဆင့် ကာလီဖိုးနီးယားပြည်နယ်သို့ သွားရောက်ကာ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားကြ မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment