Saturday, September 15, 2012

NDFပါတီကို အာရှ တိုက်နိုင်ငံရေး ပါတီများ အသင်းဝင် အဖြစ် တရုတ် ကွန်မြူနစ်ပါတီ ဖိတ်ခေါ်

NDF ပါတီကို အာရှ တိုက်နိုင်ငံရေး ပါတီများ အသင်းဝင် အဖြစ် တရုတ် ကွန်မြူနစ်ပါတီ ဖိတ်ခေါ် ရန်ကုန်၊ စက်တင်ဘာ ၁၂
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကို အာရှတိုက် နိုင်ငံရေး ပါတီ များ အသင်းဝင် အဖြစ် ဝင်ရောက်ရန်ဖိတ်ခေါ်ကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံ မှ နိုင်ငံတကာ ဆက်ဆံရေး ဒုတိယဝန်ကြီး Mr.Ai Ping က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားသည်။

အဆိုပါ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီဝင်နှင့် နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး Mr.Ai Ping သည် စက်တင်ဘာလ ၁၁ ရက်နေ့ တွင် NDF ပါတီ ခေါင်းဆောင်များနှင့် ရန်ကုန်မြို့တော်ရှိ NDF ပါတီရုံးတွင် တွေ့ဆုံခဲ့ ပြီးနောက် NDF ပါတီကို အာရှတိုက် နိုင်ငံရေး ပါတီများ အသင်း ဝင်ရန်ဖိတ်ခေါ်ကြောင်းနှင့် တရုတ် ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေး တိုးမြှင့်ရန်ပြောကြားခဲ့ကြောင်း NDF ပါတီခေါင်းဆောင်များက ဆိုသည်။
အဇာဘိုင်ဂျန် နိုင်ငံ ဘာကူးမြို့ တွင် ကျင်းပမည့် အာရှတိုက် နိုင်ငံရေး ပါတီများအစည်းအဝေးတွင် NDF ပါတီ အနေနှင့် တက်ရောက် စေလိုပါကြောင်း၊ NDF ပါတီနှင့် တရုတ် ကွန်မြူနစ် ပါတီ အကြား ဆက်ဆံရေး ပိုမို ကောင်းမွန်ရန် အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများအပေါ် NDF ပါတီ၏ အမြင် သဘောထားကိုလည်း သိရှိလို၍ လာရောက်ရခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr.Ai Ping က ပြောဆိုသည်။
“ကျွန်တော်တို့ကို ဆက်ဆံရေးတိုး မြှင့်ဖို့ လာ ဆွေးနွေးတယ်။ နိုင်ငံကြီး တစ်ခုရဲ့ ပါတီဖြစ်တော့ ငြင်းလို့တော့ ဘယ်ကောင်းမလဲ။ သေသေချာချာတော့ စဉ်းစားဖို့ လိုတယ်။ သူတို့ အစိုးရချင်း ဆက်ဆံ နေတာထက် ပြည်သူတွေနဲ့ပါ ထိတွေ့ချင်လို့၊ ပါတီတွေနဲ့ ဆက်ဆံရေး တည်ဆောက်ချင်တာလို့ ထင်တယ်” ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
တရုတ် ကွန်မြူနစ် ပါတီသည် မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရ ပါတီဖြစ် သော ကြံ့ခိုင်ရေး ပါတီနှင့် ညီနောင် ပါတီအဖြစ် ဆက်ဆံရေး ထူထောင် ထားသည်
From -TheVoiceWeekly

No comments:

Post a Comment