Monday, September 17, 2012

ဦးအောင်မင်းနှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင်အချို့ စက်တင်ဘာ ၁၇ ရက်ညနေ TG-306 လေယာဉ် ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင်အချို့သည် စက်တင်ဘာ ၁၇ ရက်ညနေ TG-306 လေယာဉ် ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


"အဓိကကတော့ သမ္မတခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အတွက်သွားတာ။ နောက်အမေရိကန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဖို့လည်းပါတယ်" ဟုအဆိုပါခရီးစဉ်တွင် လိုက်ပါမည့် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

ဦးအောင်မင်းနှင့်အဖွဲ့သည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များသို့ သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်မှာ စက်တင်ဘာ ၂၂ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။
From -TheVoiceWeekly

No comments:

Post a Comment