ရန်ကုန်၊ စက်တင်ဘာ-၁၇
မြန်မာနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးသံအမတ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်မြင့်ကို ဘရူနိုင်းနိုင်ငံ သံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း ၁၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော် ပြထားသည်။

ယခု ဘရူနိုင်းဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် ဒေါ်ယဉ်ယဉ်မြင့်သည် နှစ် ၅၀ ကာလအတွင်း ပထမဆုံး အမျိုးသမီး သံအမတ်အဖြစ် တာဝန်ယူရသူဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
သံအမတ် ရာထူးသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်တာဝန်ပေးသည့် ရာထူးဖြစ်ပြီး ယခုကဲသို့ ရာထူးမျိုးကို အမျိုးသမီးတစ်ဦးအနေဖြင့် ရရှိလာခြင်းသည် ရှေ့ဆက်၍ အမျိုးသမီးများကို ပိုမိုတာဝန်ပေးအပ်သွားမည့် သဘောမျိုးဖြစ်နိုင်ပြီး အမျိုးသမီးများကဏ္ဍ ပိုမိုမြင့်တက်လာသည်ဟုလည်း ပြောကြားနိုင်ကြောင်း အငြိမ်းစားသံအမတ်ကြီး ဦးခင်မောင်လေးက ပြောကြားသည်။
ဘရူနိုင်းနိုင်ငံသည် အာဆီယံနိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက် လက်တိုးမြှင့်လုပ်ဆောင်နေသည့်အတ
From-TheVoiceWeekly
No comments:
Post a Comment