Saturday, September 15, 2012

[ Voice Of The Day ]

နိုင်ငံရေးသမား ဟူသည် မြို့ရွာ ရပ်ကွက် ထဲတွင် မကြောက်တမ်း၊ မရွံ့တမ်း ရှေ့လှမ်း တက်ရုံဖြင့် မဖြစ်နိုင်။ တိုက်ပုံ ဝတ်ရုံ၊ ခေါင်းပေါင်း ပေါင်းရုံဖြင့်လည်း မရနိုင်။ နိုင်ငံနှင့် ပြည်သူအတွက် မည်သို့သော စွန့်လွှတ် အနစ်နာ ခံနိုင်မှု မျိုးဖြင့် ပါဝင် ဆောင်ရွက် နိုင်သည်၊ မည်သည့် နေရာ၊ မည်သည့် အခန်း ကဏ္ဍမှ ပါဝင် ရလျှင် ဖြစ်စေ မိမိ၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက် နိုင်မည်၊ ပြည်သူ တစ်ရပ်လုံး
အကျိုး မည်သို့ ရှေးရှု လုပ်ဆောင် နိုင်မည် စသည့် နောက်လိုက် ကောင်း စိတ်ဓာတ် ရှိရန် ဦးစွာ လိုအပ်ပါသည်။ ခေါင်းဆောင်ဆိုသည်မှာ ထိုက်တန်သော အရည်အချင်း ရှိမှ ရနိုင် ပါသည်။ မထိုက်တန်သူ တစ်ဦး ခေါင်းဆောင် နေရာတွင် ရှိခဲ့လျှင် မကြာမီ ပြိုလဲ ပျက်စီး သွားရမည်သာ ဖြစ်သည်။

စက်တင်ဘာလ ၂ ရက်နေ့ ထုတ် နေပြည်တော် တိုင်းမ် သတင်း ဂျာနယ်ပါ ‘ဆောင်းပါးရှင် ခင်မောင်ဌေး (ပညာရေး) ၏ ဒီမိုကရေစီ နိုင်ငံရေး ဝိညာဉ်’ ဆောင်းပါးမှ ကောက်နုတ်ချက်
 
From -TheVoiceWeekly

No comments:

Post a Comment