Monday, September 17, 2012

မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းအပေါ် တရုတ်အစိုးရငွေကြေးထာက်ပံ့မှုကို WTO သို့တိုင်ကြားရန် အိုဘားမားစီစဉ်

ဝါရှင်တန်၊စက်တင်ဘာ ၁၇ တရုတ်အစိုးရက မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းတွင် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO၏ စည်းမျဉ်းများကိုချိုးဖောက်၍ ထောက်ပံ့ငွေများပေးနေခြင်း(Subsidize)ကို အမေရိကန် သမ္မတအိုဘားမားက WTO သို့တိုင်ကြားသွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြထားသည်။


အမေရိကန်သမ္မတမဲဆွဲပွဲတွင် ရီဘတ်ပလီကန် သမ္မတလောင်း မစ်ရွမ်းနေ က အမေရိကန်သမ္မတ အိုဘားမားသည် တရုတ်နှင့်ပတ်သက်၍ ပွင်းပွင်းလင်းလင်း ပြောကြားခြင်းမရှိဟု ဝေဖန်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့်အိုဘားမားက တရုတ်အစိုးရကို WTO သို့တိုင်ကြားရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။


မော်တော်ကားနှင့်မော်တော်ကားအပိုပစ္စည်း လုပ်ငန်းတွင် တရုတ်အစိုးရက ထောက်ပံ့ငွေများပေးနေခြင်းကြောင့်အမေရိကန် ကားထုတ်လုပ်သူများအတွက် တရုတ်နှင့်ယှဉ်ပြိုင်နိုင်စွမ်းနည်းသွားပြီး၊အမေရိကန်ကားထုတ်လုပ်ငန်းများတရုတ်နိုင်ငံသို့ ရွှေ့ပြောင်းမှုကိုဖြစ်စေကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။


အမေရိကန်သမ္မတအိုဘားမား၏ အဆိုပါကြေညာချက်သည် မော်တော်ကားနှင့်မော်တော်ကားအစိတ်အပိုင်းများထုတ်လုပ်သော အိုဟိုင်းယိုး ပြည်နယ်အတွက် နိုင်ငံရေးရည်းမှန်းချက်ထားခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
From -TheVoiceWeekly

No comments:

Post a Comment