Friday, October 26, 2012

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၏ သဘောထား ထုတ်ပြန်ချက်

လက်ရှိဖြစ်ပေါ်နီသည့် ရခိုင်ပြည်တွင်း ခိုးဝင်သူဘင်္ဂလီများ၏ အကြမ်း ဖက်သောင်းကျန်းနေမှုများနှင့် ပတ်သက်၍ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ သဖောထားထုတ်ပြန်ချက်



၁။    ယခုလက်ရှိ ဖြစ်ပေါ်နေသည့် ခိုးဝင်သူ ဘင်္ဂါလီများ၏ အကြမ်းဖက် သာင်းကျန်းနေမှု များသည် မြန်မာနိုင်ငံ တွင်း ပြုပြင်ပြောင်းလဲရေး ကာလ တွင် လူမျိုးသစ်တခုအဖြစ် အသိအမှတ်ပြုခံ ရရေးအတွက် ကြိုတင်စီစဉ် အကွက်ချ လုပ်ဆောင် နေသည့် တဖက်နိုင်ငံမှ ခိုးဝင်သူ ဘင်္ဂါလီ မူဆလင်များနှင့် ၄င်းတို့ကို အားပေး အားမြှောက် ပြုနေသည့်  နိုင်ငံ များနှင့် အကြမ်း ဖက်အဖွဲ့ အစည်းများ၏ လုပ်ရပ်သာဖြစ်သည်။

၂။ ရခိုင်လူမျိုးများအား တမြေတည်းနေ တရေတည်းသောက် ညီနောင်တိုင်းရင်းသားအဖြစ် အမှန်တကယ် သတ်မှတ် ပါက မိမိတို့၏ ဘိုးစဉ်ဘောင်ဆက်ပိုင်နက်နယ်မြေကို ဘင်္ဂါလီများလက်တွင်းသို့ မကျရောက်ရေး အသက်ပေးကြိုးပမ်းနေ သည့် ရခိုင်တို့၏လုပ်ရပ်အား မြန်မာအုပ်ချုပ်သူအစိုးရနှင့် မြန်မာပြည်သူတရပ်လုံး အနေဖြင့် ရခိုင်တို့နှင့် လက်တွဲပူးပေါင်း ပါဝင် သင့်သည်။

၃။  ယခုဖြစ်ပေါ်နေသည့် ဘင်္ဂါလီမူဆလင်များ၏ အကြမ်းဖက်သောင်းကျန်းနေမှုများကို လက်ရှိအစိုးရ အနေဖြင့် နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက်ရမည့်အစား မိမိတို့ဘိုးစဉ်ဘောင်ဆက် ပိုင်နက်နယ်မြေကို အသက်ပေး ကာကွယ်နေသည့် ရခိုင်တို့ အား မြန်မာစစ်တပ်မှ မတရား ပစ်ခတ်သတ်ဖြတ်နှိမ်နင်းနေခြင်းများ သည် မြန်မာအစိုးရမှ ကြွေးကြော်နေ သည့် ပြည်ထောင်စု ဖွား တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆို သည့်မူနှင့် လုံးဝလွဲချော်ပြီး “သူခိုးဓါးရိုးကမ်း”သည့် လုပ် ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ပြင်းထန်စွာ ကန့်ကွက်သည်။

၎။     ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အမြန်ဆုံးဖြေရှင်းနိုင်ရန်အတွက် ရသေ့တောင်ညီလာခံကြီးမှ ရခိုင်တို့ ၏ တောင်းဆို ချက်များအား မြန်မာအစိုးရအနေဖြင့် အမြန်ဆုံး လေးစားလိုက်နာ အကောင် အထည်ဖော်သင့်သည်။ ထို့အပြင် ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေအတိုင်း အမြန်ဆုံး တိကျစွာ အကောင် အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၏ သဘောထားကို ထုတ်ပြန် အပ်ပါသည်။


စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
ဗဟိုဌာနချုပ်၊ ရခိုင်ပြည်။
ရက်စွဲ။    ။ ၂၀၁၂ ခု၊ အောက်တိုဘာလ ၂၅ ရက်
ဆက်သွယ်ရန်။     ။ +၉၁ ၉၆၁၂၈၆၉၄၃၄

Arakanalp - သတင်းဌာနမှ ကုးယူဖော်ပြပါသည်။

1 comment: