Friday, October 26, 2012

ကျောက်ဖြူမှထွက်ပြေး စက်လှေ(၄၀)စီး မောင်တောမြို့နယ်သို့ ဆိုက်ရောက်


http://arakantimes.net/burmese/images/BangligotoMD.jpg

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး စက်လှေ(၄၀)စီးခန့်ဖြင့် ထွက်ပြေးတိမ်းရှောက်သွားသော ရာပေါင်းများ စွာသော ဘင်္ဂလီမူဆလင်များမှာ ယမန်နေ့ညဥ့်တွင် မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်၊ အလယ်သံကျော်နယ်မြေ ကျောက်ပန်းတူနယ်မြေတွင် သက်ဆိုင်ရာမှ ယင်းတို့အား စခန်းဖွင့်လက်ခံနေကြောင်းနှင့် မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိသော ဘင်္ဂလာဘက်ခြမ်း တာခ်နာမြို့နယ်သို့ ယင်းစက်လှေတစ်ချို့ ထပ်မံထွက်ပြေး သွားရောက်နိုင်ကြောင်း နယ်စပ်မှ သတင်းများထွက်ပေါ်လာနေသည်။
http://arakantimes.net/burmese/images/BangligotoMD.jpg

မောင်တောမြို့နယ်၊ ကျောက်ပန်းတူနယ်မြေတွင် ရခိုင်ကျေးရွာ အိမ်ခြေမှာ(၇၀)ကျော်ခန့်သာရှိ၍ ဘင်္ဂလီရွာများ မှာ (၃)ရွာခန့်ရှိပြီး အိမ်ခြေမှာ(၁၀၀၀)ကျော်ခန့်ရှိသည်ဟု သိရသည်။ ယခု ဒုက္ခသည်စခန်းချမည့် ရွာအမည်မှာ သင်္ဘောကွေ့ရွာဟုသိရပြီး မောင်တောမြို့မှ (၅)မိုင်ခန့်၊ ကျောက်ပန်းတူရွာမှ နာရီဝက်ခန့်သာဝေးသည်ဟု သိရသည်။

ယခုအခါ ရခိုင်ပြည်နယ် လ၀က၊ ရဲ၊ လုံထိန်းတာဝန်ရှိ တစ်ချို့အနေဖြင့် ယနေ့မနက်(၅)နာရီချိန်တွင် ယင်းေ ကျာက်ပန်းတူသို့ သွားရောက်ပြီး ဘင်္ဂလီမူဆလင်များအား လက်ခံနေရာချပေးမှုများ ပြု လုပ်နေကြောင်း ပြည် တွင်းမှ သတင်းပေးပို့ချက်အရ သိရှိရသည်။မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်းဖွင့်ရန် ရောက်ရှိလာပုံ ကို ကျော က် ပန်း တူရွာမှ ဒေသခံအမျိုးသမီးအား မေးမြန်းရာ " ကျမတို့ရွာ ကျောက်ပန်းတူရွာ (နတလရွာ)လို့ ခေါ်ပြီးတော့ ဘင်္ဂလီရွာကိုကျတော့ ကျောက်ပန်းတူ ဘင်္ဂလီရွာလို့ခေါ်ပါတယ်။ ဒီနေ့ နံနက် (၉)နာရီကျော်လောက်မှာ မောင်တောကွပ်ကဲရေးမှူး၊ နစက၊ နဝတ၊ လဝကနှင့် နိုင်ငံခြားဧည့်သည် များ(၄၀)ကျော်က သင်္ဘောကွေ့ရွာမှာ ဘင်္ဂလီတွေအတွက် ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ နေရာကိုကြည့်ရန် ရောက် လာကြပါတယ်။ အဲဒါကို ရွာသူရွာသားတွေကကြားတော့ ရွာဦးကျောင်းနှင့် စခန်းက စောင့်နေပြီးတော့ စခန်းကိုမဖွင့်ဖို့ ကန့်ကွက်ဆန္ဒပြကြပါတယ်။ မောင်တောကွပ်ကဲရေးမှူးကတော့ ဘာမှ စိတ်မပူကြဖို့နှင့် အားလုံးကို သူတာဝန်ယူပါတယ်လို့ ပြောပါတယ်။ သင်္ဘောကွေ့ရွာက ပင်လယ်နဲ့ ပင်လယ် ကမ်းခြေနီးပြီးတော့ မောင်တောကားလမ်းအောက်မှာ ရှိတာပါ။ အခု အဲဒီရွာမှာ ပြေးလာကြတဲ့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာ ထားပြီးသွားလျှင် တစ်ခုခုဖြစ်မှာကို ရွာသူရွာသားတွေက အရမ်းစိုးရိမ် နေကြပါတယ်။ " ဟု ပြောပြသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းတူရွာနှင့် အနီးနားတွင်ရှိသော ဘင်္ဂရွာမှ ရွာသူရွာသားများသည် အေးအေး ချမ်းချမ်းနဲ့ နေထိုင်နေကြကြောင်း၊ အခု ထွက်ပြေးလာကြသော ဘင်္ဂလီမျာအတွက် သင်္ဘောဆိပ်ကွေ့တွင် ဒုက္ခသည်စခန်းဖွင့်ပြီးသွားလျှင် ဆူပူမှုများဖြစ်လာမည်ကို ရွာသူရွာသားများ စိုးရိမ်နေကြောင်း၊ ဒုက္ခသည်စခန်း ထားမည်၊ မထားမည်ကို သေချာစွာမသိရှိရသေးကြောင်း မောင်တောဒေသခံအမျိုးသီးတစ်ဦး ၏ ပြောပြချက်အရ သိရှိရသည်။

Arakantimes.net  မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment