Friday, October 12, 2012

ဦးအေးသာအောင်၏ အမေရိကခရီးစဉ် ရခိုင်ပြည်သူများအတွက်အကျိုးရှိမည်ဟုဆို

အမေရိကန်သို့ ရက်(၂၀)ကျော်ကြာ ခရီးထွက်ခဲ့သော ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် ခရီးစဉ်သည် ရခိုင်ပြည်သူ များအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်မည်ဟု သိရသည်။

Ayetharaungcomeback"ဒီခရီးစဉ်က အင်မတန်ကို ရခိုင်ပြည် သူလူထု အတွက် အကျိုး တစ်စုံတစ်ရာပြုနိုင်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ရခိုင် လူငယ်တွေနဲ့ တစ်ခြားတိုင်းရင်းသားတွေဆီက ရခိုင်ပြည်သူလူထုအတွက် အကူအညီ တစ်စုံတစ်ရာရရှိနိုင်မှာဖြစ်ပါတယ်။"ဟု ဦးအေးသာအောင် က ပြောသည်။

အာရက္ခဖောင်ဒေးရှင်း၏ ဖိကြားချက်ကြောင့် အမေရိကကို ရက်ပေါင်း (၂၀)ကျော်ခန့် ခရီးထွက်ခဲ့သော ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် ယနေ့ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိ လာခြင်း ဖြစ် သည်။
မြန်မာနိုင်ငံရှိ အာရက္ခဖောင်ဒေးရှင်းမှ သင်တန်းသားများ၊ ALD ပါတီဗဟိုကော်မတီဝင်များနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်သူများ စုစုပေါင်း(၅၀) ခန့် မင်္ဂလာဒုံ လေဆိပ်သို့ သွားရောက်ကာ ဦးအေးသာအောင်အား ကြိုဆိုခဲ့ကြသည်။
"ဦးအေးသာအောင်ရဲ့ အမေရိကခရီးစဉ်အပေါ်မှာ ကျနော့်အနေနဲ့ အားရကျေနပ်မှုရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ရခိုင်ပြည်နယ်အတွက် အကျိုးအများကြီးရှိတဲ့အတွက်ကြောင့်ပါ။"ဟု အာရက္ခဖောင်ဒေးရှင်းမှ တာဝန်ခံ ဦးမျိုးကျော်က ပြောသည်။
ဦးအေးသာအောင်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်၊ ယူတီကာ၊ ဘဖလို့ မြို့ မှ ရခိုင်အပါအ၀င် တစ်ခြားမြန်မာတိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေး၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လျှက်ရှိသော ပဋိပက္ခများအရေး၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းနှင့် မေးမြန်းခန်း များ ပြုလုပ်ခဲ့သည်။

From- arakantimes




No comments:

Post a Comment