Friday, October 12, 2012

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ ပထမဆုံး အကြိမ် အခမဲ့ ဆေးကုသပေး

ဆေးကုသရန်ရောက်လာကြသော
 မိဘပြည်သူများအားတွေ့ရစဉ်
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အစီအစဉ်ဖြင့် တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့ မှ ပထမဆုံး အကြိမ် ကရင်နီ(ကယား) ပြည်နယ်အတွက် အခမဲ့ဆေးကုသမှုကို မြို့နယ်ကျေးရွာ အလိုက် ကုသပေးနေ တယ်လို့ သိရပါတယ်။

“အခု ကျနော်တို့ တပ်မတော် စစ်ဦးစီးချုပ်ဌာန ကနေ ညွန်ကြားပြီိးတော့ ကယားပြည်နယ် အတွက် အခမဲ့ ဆေးကုသမူကို ဒေသမြို့နယ် အလိုက် အခုလို ကျနော်တို့သွားရောက် ကုသပေးတာပါ. ဘာရောဂါမဆို အကုန်ကုသပေးနေပါတယ်. အခု ကယားပြည်နယ်က နယ်မြေငြိမ်းချမ်းမူကြောင့် တပ်မတော် ကနေ အခုလို့ ကယားပြည်နယ် အတွက် ပထမဆုံး အနေဖြင့် အခမဲ့ ဆေးကုသမူ ကို ပေးခဲတာပါ. တခြားပြည်နယ် တွေမှာလဲ သူတို့ နယ်မြေ ငြိမ်းချမ်းရှိလာတဲ့ အချိန်ကြရင်လဲ အခုလိုမျိုး အခမဲ့ ဆေးကုသမူမျိုးတွေကိုလဲ လုပ်ပေးမှာပါ” လို့ ဝန်ထမ်း တဦးက ပြောပါတယ်။
ယခုလို အခမဲ့ဆေးကုသပေးဖို့ ကျေးရွာ အုပ်စုအလိုက် ကြေငြာထားပြီးဖြစ်တဲ့အတွက် ဒီးမော့ဆိုမြို့ နယ် ကျေး ရွာ အသီးသီးမှ ဒေသ ခံတွေက ဆေးရုံကို အဆက်မပြတ် လာရောက်ပြသနေကြ တာကို တွေ့ရပါတယ်။
ဒီမောဆိုမြို့နယ် ဆေးရုံတွင် ပြသ ခဲ့သော ဒေါသဲကျေးရွာမှ ဒေါ် စိန်ချော က “အဒေါ်က မျက်စိ မကောင်း ဘူး နှစ်ခါတော့ ခွဲပြီးပါပြီိး အဲ အချိန်က ကိုယ့်စရိတ်နဲ့ကိုခံပြီိး ကုရတယ်ဆိုတော့ အတော်ကုန်ခဲ့ပါတယ်။ အခုက တပ်မတော် တို့ အနေနဲ အခုလို အခမဲ့ လာရောက်ကုသပေးတာကို အဒေါ်အနေနဲ ဝမ်းသာတယ်” လို့ ပြောပါ တယ်။
အခမဲ့ဆေးကုသမှုတွေကို တပြည်နယ်လုံးပြုလုပ်သွားဖို့ အစီစဉ်ရှိတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ဒီးမောဆို မြို့နယ်အတွင်းနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ ကျေးရွာအလိုက် ဆေးဝါးတွေ၊ ခေါက်ဆွဲ ထုတ်တွေ၊ ခြင်ထောင်တွေ ကို အခမဲ့ဖြန့်ဝေ ပေးနေတယ်လို့ သိရပါတယ်။

ပြည်သူလူထုတချို့မှ ဆေးကုသဖို့ စောင့်ဆိုင်းနေကြစဉ် 


တပ်မတော်မှ အခမဲ့ကုသပေးမှုအစီအစဉ်မှာ ဒေသခံတွေက တန်းစီပြီး လာရောက်ပြသနေကြစဉ်

From- ktimes



 


 

No comments:

Post a Comment