Thursday, October 25, 2012

ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် မီးရှို့မှု ဖြစ်ပွားနေ ၊ နေ့လည် (၂း၀၀)အချိန်

ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မီးရှို့မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ပေါက်တောမြို့ ဗ၀န်း ရပ်ကွက် တွင်ရှိသော ဘင်္ဂလီ များနှင့် ပေါက်တောဒေသခံ အချို့ ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ယခုအခါ တွင် ဗ၀န်းရပ်ကွက်ရှိ
အိမ်အချို့နှင့် တောင်ဖူမြစ်ကမ်းနား တွင် နေ ထိုင်လျက် ရှိသောအိမ်အချို့ မှာ မီးလောင် မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယင်းပဋိပက္ခကြောင့် ပေါက်တောမြို့နယ်တွင် ဈေးဆိုင်များကို ပိတ်ကာ လက်ရှိ
 ကျောင်းများ ကိုလည်း ပိတ်ထားလျက်ရှိကြောင်း သိရသည်။ "မနေ့ကနေသတင်းကြားတဲ့အတွက် ကျောင်းသားတွေ စာမေးပွဲ ဖြေနေဆဲ အချိန်မှာ  ဖြစ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာကို စိုးရိမ်တဲ့ အတွက် ဒီနေ့ ဖြေရမယ့် စာမေးပွဲကို ရပ်ထားလိုက်ရပါတယ် ။
 မြို့လယ်ခေါင် ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ ဒါပေမယ့်ဘင်္ဂလီတွေရှိတဲ့နေရာတွေ မှာတော့ မီးရှို့မှုတွေ ဖြစ် ပွားနေ တယ်လို့ သိရပါတယ်။ ဈေးတွေကိုလည်း အားလုံးပိတ်ပြီး ဒေသခံတွေ မိမိအိမ်ကို ပြန်နေကြ သလိုတစ်ချို့ကာလသားတွေ ကလည်း မီးလောင်မှု ဖြစ်တဲ့နေရာတွေကို သွားနေကြပါတယ်" ဟု ပေါက်ေ တာမြို့နယ် ဗ၀န်းရပ်ကွက် အနီးတွင် နေထိုင်သော ဒေသခံတစ်ဦးကပြောသည်။

အရေးပေါ်တင်း

ပေါက်တောတွင် အိမ်ခြေ ၈၀၀ ပြာကျ

ပေါက်တောမြို့တွင် ဘင်္ဂါလီများ ကိုယ့်အိမ်ကိုယ် မီးရှို့သဖြင့် ရပ်ကွက်သုံးခုမှအိမ်ခြေပေါင်း ၈၀၀ကျော် ပြာကျ သွားပြီဖြစ်ပြီး မီးရှို့မှု နာရီဝက်ခန့် အကြာတွင် ယင်းသို့ ပြာကျသွားခြင်းဖြစ်ကြောင်း ဒေသခံများထံဆက် သွယ်မေးမြန်းချက်အရသိရှိရသည်။

ဘင်္ဂါလီများ နေရာ အနှံကို တပြိုင်နက် မီးရှို့ပြီး ထွက်ပြေးသွား၍ ယင်းသို့လျင်မြန် ပြာကျသွားခြင်းဖြစ်ကြောင်း ၄င်းတို့ထံမှ သိရှိရသည်။
 
Yangonmedia.com မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment