Thursday, October 25, 2012

ကျောက်တော်မီးရှို့တိုက်ခိုက်မှု ရခိုင်(၃)ဦးနှင့် ဘင်္ဂလီ(၁)ဦးသေဆုံး

http://arakantimes.net/burmese/images/kyauktaw3and1.jpg
အောက်တိုဘာလ (၂၅)ရက်နေ့ ယနေ့နံနက်(၆) နာရီတွင် ကျောက်တော် မြို့ ပိုက်သည်ရွာမှ ဘင်္ဂလီများ စတင်ဖန်တီးလိုက်သော ပဋိပက္ခတွင် ဘင်္ဂလီ(၁)ဦးနှင့် ရခိုင်(၃)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

 
ပိုက်သည်ရွာမှ ဘင်္ဂလီများ လူစုကာမီးရှို့ရန်ကြိုးပမ်းနေကြရာ ဒေသခံရခိုင်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြချိန်တွင် စစ်တပ်မှ သေနတ်ပစ်ခတ်၍ လူစုခွဲခဲ့ကြရကြောင်း သိရှိရသည်။
" စစ်တပ်က ပစ်လိုက်လို့ ရခိုင်(၁)ယောက်၊ ဘင်္ဂလီ(၁)ယောက်သေပါတယ်။ နောက် ရခိုင် (၂)ဦးကတော့ ဘင်္ဂလီတွေဓါးနဲ့ခုတ်လို့ သေဆုံးသွားတာပါ။ အခုအဲဒီရှမ်းရွာဘက်က ဒေသခံရခိုင်တွေ အများအပြား လေးကွ ဒဏ်ရာ၊ လှံဒဏ်ရာတွေနဲ့ ကျောက်တော်ဆေးရုံမှာ ဆေးကုသခံနေကြရပါ တယ်၊ ကျောက်တော်တစ်မြို့လုံးကို စစ်တပ်က လုံခြုံရေးအပြည့်ချထားတာလည်း တွေ့ရပါတယ်။ " ဟု ကျောက်တော်လူငယ် မမြတ်ဖူးဝေ က ပြောသည်။

သေဆုံးသူများမှာ 
ဦးကျော်သိန်း အသက်-၃၇ 
အဘ- ဦးမောင်ဦးဖြူ၊ 
ဦးဇော်ဝင်း အသက်-၃၈နှစ် 
အဘ-ဦးမောင်ကျော်နှင့် 
ဦးထွန်းအောင်သာ အသက် -၄၅နှစ် ဦးမောင်သိန်းညွန့် (သေနတ်ဒဏ်ရာဖြင့်သေဆုံး)တို့ဖြစ်သည်။
 
ကျောက်တော်မြို့နှင့် ကျောက်တော်မြို့နယ်တစ်ဝိုက်တွင် စစ်တပ်မှ ကင်းလှည့်နေကြပြီး အခြေအနေများကို ထိန်းသိမ်းလျှက်ရှိကာ ယခုအချိန်တွင် ဘင်္ဂလီ-ရခိုင် နှစ်ဖက်စလုံးမှ ငြိမ်သက်နေကြောင်း သိရှိရသည်။ ဇွန်လ(၈)ရက်နေ့မှ စတင်ခဲ့သော ရခိုင်ပြည်တွင်း ပဋိပက္ခသည် ငြိမ်သက်နေခဲ့ရာ၊ အောက်တိုဘာ(၂၁)ရက်နေ့ မင်းပြားမြို့မှ စတင်ကာ ဘင်္ဂလီ-ရခိုင်များအကြားတွင် ယခုကဲ့သို့ မီးရှို့တိုက်ခိုက်မှုများ မှာ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်မြို့တို့ အထိ တစ်ဖြည်းဖြည်း ကျယ်ပြန့် လာခဲ့ခြင်းဖြစ်သည်။

==============================================================
ဆက်စပ်သတင်း (တောင်ကြီး)

မီးပုံပျံပွဲအတွက် ပြင်ဆင်နေတဲ့ တောင်ကြီးမှာ မီးလောင်
ယနေ့ နံနက် ၉း၃၀ခန့်က တောင်ကြီးမြို့ စ၀်စံထွန်းရပ်၊ ဆေးရုံဝင်း ၀န်ထမ်း အိမ်တန်းလျားတွင် မီးပုံးပျံအတွက် ယမ်းစပ်ခြင်း ပြုလုပ်နေစဉ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ကာဝန်ထမ်းတန်းလျား (၂) လုံး နှင့်ေ ဘး မှ အုတ်စီ အဖီခန်း တစ်ခုလည်း လောင်ကျွမ်းခဲ့ကြောင်း သိရသည်။သွပ်မိုးပျဉ်တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲဝင်ရန် ၀န်ထမ်းအိမ်တန်းလျားရှိ ဦးကျော်သီဟ နေအိမ်တွင် ယမ်းစပ်ခဲ့ကြကြောင်း၊ ထိုသို့ပြုလုပ်နေစဉ် ယမ်းပုံပေါ်သို့ အိမ်အပြင်မှ မီးရှုးတစ်ခု ကျရောက်ကာ မီး စတင် လောင်ကျွမ်းခဲ့ကြောင်း ဦးကျော်သီဟ၏ နှမဖြစ်သူ မငယ်ငယ်ထွေး၏ ပြောပြချက်အရ သိရသည်။

ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ခြင်း မပြုနိုင်သေးကြောင်း၊ စုဆောင်းထားသည့် ငွေ နှစ်သိန်းခန့် မီးထဲ ပါသွားကြောင်း သူက ဆက်ပြောသည်။တောင်ကြီးမြို့ မီးသတ်စခန်းမှ ကား (၂) စီး၊ ရွှေညောင်မြို့မှ(၁)စီး၊ အေးသာယာမြို့သစ်မှ (၁) စီး သွားရောက် ငြိမ်းသတ်ခဲ့သည်။နံနက် (၁၀း၃၀) တွင် မီးညွန့်ကျိုးခဲ့ကြောင်း အေးသာယာမီးတပ်တပ်ဖွဲ့မှ ကိုကျော်စိုးမိုး၏ ပြောပြချက်အရ သိရသည်။ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း လုပ်အားပေးနေသည့် ကြက်ခြေနီအဖွဲ့က ပြောကြားသည်။
မြို့နယ်အုပ်ချုပ်ရေအဖွဲ့၊ အမှတ်(၂) ရဲစခန်း၊ မီးသတ်ဦးစီးဌာနတို့က မီးလောင်ကျွမ်းမှု ဖြစ်စဉ်၊ ဆုံးရှုံးသွားသော ငွေကြေးပမာဏတို့ကို တွက်ချက်၊ စစ်ဆေးလျက်ရှိကြောင်း၊ လောလောဆယ် အမှုတွဲအမှတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မိးပုံးပျံပြိုင်ပွဲ အတွက်ယမ်းစပ်ခြင်းများပြုလုပ်ရာမှ မိးလောင်ကျွမ်း မှု နှစ်စဉ် ဖြစ်ပေါ်နေကြောင်း၊ အလွန် အန္တရာယ်များကြောင်း မြို့ခံတဦးက သုံးသပ်ပြောကြားခဲ့သည်။



Photo From : ဧရာဝတီသတင်းဌာန

No comments:

Post a Comment