Friday, October 12, 2012

ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တုန်ခါသံများကြောင့် စစ်တွေ၌ ငါးဈေးမြင့်တက်နေ

  အိန္ဒိယ- မြန်မာကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး၏ပမာဏလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် စစ်တွေ ရေနက် ဆိပ်ကမ်း တည်ဆောက် မှု  စီမံကိန်းမှ မြေပြင်ရေပြင်များကို တုန်ခါစေသော ငလျင်ကဲ့သို့ စက်ယန္တရားများ အသုံးပြုမှု၊ တည်ဆောက်မှုလုပ်ငန်းမှ ထုရိုက်သံများကြောင့် စစ်တွေမြို့ရှိ ပင်လယ်ပြင်ကမ်းနီး ကမ်းဝေးငါးဖမ်းဇုန်များ၌ ငါးဖမ်းဆီးရရှိမှု သိသိသာသာ လျော့နည်း ကျဆင်းလျှက်ရှိသည်။

စစ်တွေရေနက်ဆိပ်ကမ်းတည်ဆောက်မှုလုပ်ငန်းမှ သဘောင်္များသည် ကမ်းဆိပ်ခံတံတားကပ်ခြင်းနှင့် အဆောက်အဦးဂိုဒေါင်များတည်ဆောက်မှုလုပ်ငန်းများမှ ဖောင်ဒေးရှင်းတည်ဆောက်မှုလုပ်ငန်းများ ဆောက် လုပ်နေစဉ် မြေပြင်ရေပြင်များကို တုန်ခါ လှုပ်ခတ်စေသည့်အတွက် ရေနေသက်ရှိသံယံဇာတ များ ကြောက်လန့်ပြီး ယခင်ဝင်ရောက်နေထိုင် ကျက်စားနေထိုင်ရှိသည့် နေရာများသို့ မလာတော့ သဖြင့် ငါးဖမ်းဆီးရရှိမှု လျော့နည်းကျဆင်းလာခြင်းသည်ဟု စစ်တွေမြို့နယ် ကမ်းနီးငါးဖမ်းလှေများ အသင်းဥက္ကဌနှင့် ဒေသတွင်းကမ်းနီးရေလုပ်သားများ၏ ပြောပြချက်များအရသိရသည်။

ငါးဖမ်းဆီးရရှိမူနည်းပါးနေခြင်း ကမ်းဝေးငါးဖမ်းဇုန်များ အတွင်း တရားမ၀င် မြန်မာ့ကမ်းရိုး တန်း ဒေသ တချို့နှင့် မြန်မာ့ အိမ်နီးချင်းငါးဖမ်းသဘောင်္များမှ ၀င်ရောက် ငါးဖမ်းဆီးမှုများရှိနေခြင်းကြောင့် ဒေသ တွင်းရေလုပ်သားများ ငါးဖမ်းဆီးရရှိ မူ လျော့နည်းကျဆင်းရခြင်းဖြစ်သည်ဟုလည်း သိရသည်။

"စစ်တွေအနီးတစ်ဝိုက် ပင်လယ်ပြင်ကမ်းနီးကမ်းဝေးငါးဖမ်းဇုန်တွေမှာ စစ်တွေရေနက်ဆိပ်ကမ်းမှ စက်ယန္တ ရားတွေနဲ့ ကရိန်း အသုံးပြုတာတွေ ဖောင်ဒေးရှင်း ထုရိုက်တည်ဆောက်သံတွေကြောင့် ငါးဖမ်းဆီးရရှိမူက သိသိသာသာ ကို လျော့နည်းကျ ဆင်းနေလာတာပါ။ နောက် ကမ်းဝေးငါးဖမ်းဇုန် တွေမှာ မြန်မာ့ ကမ်းရိုးတန်းဒေသတချို့မှာ ငါးဖမ်းသဘောင်္များ တရားမ၀င် ကျူးကျော်ဝင်ရောက် ဖမ်းဆီးမူတွေနဲ့ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသဘောင်္တချို့ ၀င်ရောက်ဖမ်းဆီးမှုတွေကြောင့်   ဒေသ တွင်း ရေလုပ်သားတွေ အတွက် တော်တော်လေး နစ်နာဆုံးရှုံးမှုတွရှိလာပါတယ်"ဟု စစ်တွေ မြို့နယ်ကမ်းနီးကမ်းဝေးငါးဖမ်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။

စစ်တွေ၌ ငါးဖမ်းဆီးရရှိမှုလျော့နည်းကျဆင်းလာခြင်းများနှင့်အတူ စားသုံးမှုဈေးကွက်များသို့ ငါးအ၀င်နည်းပါး ကာ ငါးဈေးမြင့်တက်လျှက်ရှိသည်။

"စစ်တွေ ငါးဈေးကွက်များမှာ ငါးအ၀င်နည်းလို့ ဈေးကြီးနေတာက ၄/၅လ တောင် ရှိနေပါပြီ။ ဒီလိုငါးအ၀င် နည်းနေပြီး ဈေးကကြီးနေတော့ ငါးအိတ်(စ်)ပို့ အအေးခန်းစက်ရုံတချို့ဆို လုပ်ငန်းလည်ပတ်မူ ယိမ်းယိုင်သွားမဲ့ အခြေအနေမှာရှိနေကြပါတယ်" ဟု စစ်တွေမြို့ငါးပုစွန် အိတ်(စ်)ပို့ ပို့ကုန်လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။
 

No comments:

Post a Comment