Friday, October 12, 2012

ဒုတိယအကြိမ်မြောက် အာရှစီးပွါးဖြစ် စိုက်ပျိုးရေးအစည်းအဝေးကိုဆန္ဒပြ

ယနေ့  ရန်ကုန်မြို့ Park Royal Hotel တွင် ပြုလုပ်သောဒုတိယအကြိမ် အာရှစီးပွါးဖြစ် စိုက်ပျိုးရေး အစည်း အဝေးကို ပွင့်လင်းမြင်သာမှုမရှိ၍ လယ်သမားအရေးဆောင်ရွက်နေသည့် ဦးဝင်းချိုကဆန္ဒပြ လျက်ရှိသည်။ အဆိုပါ အစည်းအဝေးသည် မြန်မာနိုင်ငံဧ။်မြေလွတ်မြေရိုင်းများအပေါ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင် ရန် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာပြည်သူများဧ။် လယ်ယာမြေပိုင်ဆိုင်မှုများ မဖြေရှင်းနိုင်သေးခင် စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ခြင်းသည် ပဋိပက္ခများ ကိုသာဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဦးဝင်းချိုကပြောသည်။
ဒုတိယအကြိမ် အာရှစီးပွားဖြစ် စိုက်ပျိုးရေးအစည်းအဝေးနှင့်ပတ်သက်၍ ညီညွတ်သောတိုင်းရင်းသား မဟာမိတ်များ ပါတီ၊လယ်သမားအရေးဆောင်ရွက်နေသူများနှင့် လူမှု့ အဖွဲ့ အစည်းများက အောက်တိုဘာလ
၉ရက်နေ့ တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ပွင့်လင်းမြင်သာမှုမရှိလျှင် ကန့်ကွက်မည်ဟုသဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။





From- Popular Myanmar News Journal

No comments:

Post a Comment