Monday, October 8, 2012

ငြိမ်းချမ်းရေးနိုဘယ်ဆု သမ္မတဦးသိန်းစိန်ရမည်ပာု ခန့်မှန်း

ယခုနှစ် နိုဘယ်ဆုရာသီတွင်  ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိမည်ပာု ခန့်မှန်းသူများစာရင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါဝင်ကြောင်းသိရသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီက နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများ၏အမည်များကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးကော်မတီ၏ လုပ်ပုံကိုင်ပုံကိုလေ့လာပြီး ဆုရနိုင်ခြေရှိသူအတိုချုပ်စာရင်းကို ထုတ်ပြန်ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမည်စာရင်းပါဝင်ကြောင်း သိရသည်။

နိုဘယ်ဆုရရှိနိုင်ခြေရှိသူများစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအဝင် အမေရိကန်နိုင်ငံရေး သီအိုရီပညာရှင် Dr Gene Sharp ၊ ရုရှား အခွင့်အရေးအဖွဲ့ Memorial နှင့် ၎င်းကိုတည်ထောင်သူ Ms Svetlana Gannushkina၊ ရုရှားနိုင်ငံမှ အမှီအခိုကင်းပြီး လွတ်လပ်သောမီဒီယာအဖွဲ့ Echo Of Moscow နှင့် ၎င်း၏ အယ်ဒီတာချုပ် Mr Alexei Venediktov၊ ဘာသာရေးအလွဲသုံးစားပြုမှု ဆန့်ကျင်သူများဖြစ်သည့် Archbishop John Onaiyekan၊ Sultan of Sokoto Mohamed Sa'ad Abubakar တို့ပါဝင်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်အတွက် ပထမဆုံးနိုဘယ်ဆုဖြစ်သည့် ဆေးပညာနိုဘယ်ဆုကို အောက်တိုဘာလ ၈ ရက်နေ့တွင် စတော့ပာုမ်းလ်မြို့၌ ကြေညာမည် ဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုကို လာမည့်အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
From-TransparencyMyanmarblog

No comments:

Post a Comment