အိန္ဒိယနိုင်ငံမှာ မသုံးဖြစ်တော့တဲ့ မီးရထား စက်ခေါင်းဟောင်းတွေ ကို မြန် မာနိုင်ငံကို မကြာခင် တင်ပို့ပါတော့မယ်။အိန္ဒိယနိုင်ငံက ရထားလမ်းတွေရဲ့
သံလမ်းအကွာအဝေး တိုးချဲ့ လိုက်တာကြောင့် အဲ့ဒီ ဒီဇယ်အင်ဂျင်
စက်ခေါင်းတွေနဲ့ ခုတ်မောင်းဖို့ အဆင်မပြေတော့တဲ့အတွက် ပြန် လည်ပြုပြင်ပြီး
အသုံးပြုနိုင်မယ့် မြန်မာနိုင်ငံအပါအ၀င် တခြား နိုင်ငံတွေကို
တင်ပို့မှာပါ။လောလောဆယ်မှာတော့
မြန်မာနိုင်ငံကို တင်ပို့မယ့်
ဒီဇယ်အင်ဂျင်စက်ခေါင်း ၂ လုံးကတော့
အဆင်သင့် ဖြစ်နေပြီလို့ အိန္ဒိယသတင်းစာ Times of India က ဆိုပါတယ်။ဒီခေါင်းတွဲတွေကို အထူးသဖြင့်ကတော့ ရှန်တိန် ခေါင်းတွဲအနေနဲ့ အသုံးပြုဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ စုစုပေါင်း တင်ပို့မှာကတော့ စက်ခေါင်း ၅ လုံးပါတဲ့။
အဲ့ဒီအင်ဂျင်စက်ခေါင်းတွေကို ခေတ်မှီ မောင်းနှင်ရေး နည်းစနစ်တွေထည့်သွင်း အဆင့်မြှင့်တင်ပြုပြင်ထားပြီး စက်ခေါင်းတလုံးစီအတွက် ကုန်ကျစရိတ် ရူပီး သိန်း ၈၀ ကုန်ကျတယ်လို့ စက်ခေါင်းတွေ ပြုပြင်တဲ့ အလုပ်ရုံက ဆိုပါတယ်။
အိန္ဒိယမှာ လျှပ်စစ်နဲ့ပြေးတဲ့ စက်ခေါင်းတွေ ပိုသုံးလာတဲ့နောက်ပိုင်းမှာတော့ သံလမ်းအကွာအဝေးတွေကို တိုးချဲ့ ခဲ့တာကြောင့် အရင်လမ်းအကျဉ်းမှာ သုံးတဲ့ စက်ခေါင်းတွေ ထုတ်လုပ်မှုကိုလည်း ရပ်လိုက်ပြီ ဖြစ်တဲ့အတွက် ရှိပြီးနှင့်တဲ့ အဟောင်းတွေကိုပဲ အခုလို ပြန်ပြင်ပြီး ရထားစက်ခေါင်း ၀ယ်လိုသူတွေကို ပြန်ရောင်းချပေးတာဖြစ်ပါတယ်။
အိန္ဒိယက ရထားလမ်း အားလုံးနီးပါးမှာ သံလမ်း အကွာအဝေးတွေကို ၄ ပေ ၈လက်မခွဲ (၁၄၃၅ မီလီမီတာ) အကျယ် ပြောင်းလိုက်ပြီးဖြစ်ပါတယ်။ အရင်ကတော့ မြန်မာနိုင်ငံက သံလမ်းအကွာအဝေးလိုပဲ ၃ပေ၃လက်မခန့် (၁၀၀၀ မီလီမီတာ) အကျယ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရထားလမ်းတွေမှာ ဟိုးအရင်တုန်းကတော့ ရေနွေးငွေ့ စက်ခေါင်းတွေကို သုံးခဲ့ပါတယ်။ ၁၉၅၈ ကစပြီး ပြင်သစ်၊ ဂျာမဏီ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ နိုင်ငံတွေကနေ ဒီဇယ်အင်ဂျင်စက်ခေါင်းတွေ ၀ယ်ယူသုံးစွဲခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ဒီဇင်ဘာအထိ မြန်မာ့မီးရထားမှာ ဒီဇယ်အင်ဂျင်စက်ခေါင်း ၃၅၄ လုံး ရှိတယ်လို့ ၀ီကီပိဒိယမှာ ဖော်ပြထားပါတယ်။
source – The Times of India
No comments:
Post a Comment