Monday, October 15, 2012

ရခိုင်ကျောင်းသားသမဂ္ဂမှ မိမိတို့၏တောင်းဆိုချက် (၅)ချက်ကို သမ္မတ ဦးသိန်းစိန်ထံပေးပို့

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ (ယာယီ) က ၄င်းတို့၏ တောင်းဆိုချက် ငါးရပ်ကို နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့ကြောင်း ကျောင်းသားသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး ကိုမင်းစောခိုင်က Coral Arakan အား ပြောကြားသည်။
လောလောဆယ်အားဖြင့် စစ်တွေမှ တက္ကသိုလ် များကို အဓိကထားဖွဲ့စည်းထားသော ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(ယာယီ) က ယမန်နေ့က လူထုနှင့် မိတ်ဆက်ရာတွင် ထုတ်ပြန်ခဲ့သော တောင်းဆိုချက် ငါးချက်ကိုပင် သမ္မတထံ ပေးပို့တောင်းဆိုခြင်း ဖြစ်သည်။

ယင်းတောင်းဆိုချက်များကို အမြန်ချောစာဖြင့် သမ္မတထံပေးပို့ပြီးဖြစ်ကာ သမ္မတရုံး ၀က်ဘ်ဆိုဒ်ထံသို့ ပို့ဦးမည် ဟုလည်းဆိုသည်။

သမ္မတအပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ၊ ရခိုင်ပြည်နယ် လူမှုရေး/ပညာရေးဝန်ကြီး ၊ စစ်တွေရှိ တက္ကသိုလ် သုံးခုမှ ကျောင်းအုပ်ကြီးများ နှင့် ပါမောက္ခချုပ်များ ထံ မိတ္တူ ပေးပို့ခဲ့ကြသည် ဟု ဆိုသည်။

၎င်းတို့၏ တောင်းဆိုချက် ငါးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။

၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။

၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)

၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့်အဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။

၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် အတူတကွပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်။

(သောင်းကြွယ် ရေးသားသည်။)

မူရင်းသတင်း--- Coral Arakan News Agency

No comments:

Post a Comment