ရန်ကုန်၊ အောက်တိုဘာ ၂၆
စင်ကာပူနိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်သော Synergs Group Pte
LTD သည် မြန်မာနိုင်ငံ တွင် စက်ရုံ တစ်ခုကို ၂ဝ၁၃ ခုနှစ် တွင် တည်ထောင်
ဖွင့်လှစ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း အောက်တိုဘာ ၂၆ ရက် နေ့တွင်
ထုတ်ပြန်သော အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။
မြန်မာ နိုင်ငံသား တစ်ဦးနှင့် စင်ကာပူ နိုင်ငံသား တစ်ဦး တို့ ပူးတွဲ
တည်ထောင် ထားသော အဆိုပါ ကုမ္ပဏီ သည် စမတ်ဖုန်း နှင့် သင်ပုန်း ကွန်ပျူတာ
များကို အဓိက ထုတ်လုပ် သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၎င်းတို့ ကုမ္ပဏီ မှ ထုတ်လုပ်
သော Webberfly FOUR စမတ်ဖုန်း ကို ပထမဆုံး အကြိမ် အဖြစ် အောက်တိုဘာ လ ၂၆
ရက်နေ့ က မြန်မာနိုင်ငံ တွင် လာရောက် မိတ်ဆက် ပြသခဲ့သည်။
Synergs
မှ ထုတ်ကုန် များကို မြန်မာနိုင်ငံ ဈေးကွက်တွင် စတင် ဖြန့်ဖြူး သွားမည်
ဖြစ်ပြီး စမတ်ဖုန်း၊ သင်ပုန်း ကွန်ပျူတာ များကို မြန်မာ အိုင်တီ
ဈေးကွက်တွင် ရရှိ နိုင်တော့မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ ထံမှ သိရသည်။
၎င်းတို့ ကုမ္ပဏီ အနေနှင့် လက်ရှိ အချိန်တွင် မြန်မာ ရုံးခွဲကို ဖွင့်လှစ်
ထားပြီး ဈေးကွက် ဖော်ဆောင်ရေး နှင့် နည်းပညာ အကူညီ ပေးရေး လုပ်ငန်းများ
လုပ်ကိုင်လျက် ရှိကာ အခြား အရှေ့တောင် အာရှ နိုင်ငံ များတွင် လည်း ၎င်းတို့
ကုမ္ပဏီထုတ် သင်ပုန်း ကွန်ပျူတာများ ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။
From-TheVoiceWeekly
မြန်မာ နိုင်ငံသား တစ်ဦးနှင့် စင်ကာပူ နိုင်ငံသား တစ်ဦး တို့ ပူးတွဲ တည်ထောင် ထားသော အဆိုပါ ကုမ္ပဏီ သည် စမတ်ဖုန်း နှင့် သင်ပုန်း ကွန်ပျူတာ များကို အဓိက ထုတ်လုပ် သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၎င်းတို့ ကုမ္ပဏီ မှ ထုတ်လုပ် သော Webberfly FOUR စမတ်ဖုန်း ကို ပထမဆုံး အကြိမ် အဖြစ် အောက်တိုဘာ လ ၂၆ ရက်နေ့ က မြန်မာနိုင်ငံ တွင် လာရောက် မိတ်ဆက် ပြသခဲ့သည်။
Synergs မှ ထုတ်ကုန် များကို မြန်မာနိုင်ငံ ဈေးကွက်တွင် စတင် ဖြန့်ဖြူး သွားမည် ဖြစ်ပြီး စမတ်ဖုန်း၊ သင်ပုန်း ကွန်ပျူတာ များကို မြန်မာ အိုင်တီ ဈေးကွက်တွင် ရရှိ နိုင်တော့မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ ထံမှ သိရသည်။
၎င်းတို့ ကုမ္ပဏီ အနေနှင့် လက်ရှိ အချိန်တွင် မြန်မာ ရုံးခွဲကို ဖွင့်လှစ် ထားပြီး ဈေးကွက် ဖော်ဆောင်ရေး နှင့် နည်းပညာ အကူညီ ပေးရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကာ အခြား အရှေ့တောင် အာရှ နိုင်ငံ များတွင် လည်း ၎င်းတို့ ကုမ္ပဏီထုတ် သင်ပုန်း ကွန်ပျူတာများ ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။
No comments:
Post a Comment