Saturday, October 27, 2012

ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦး အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက်လုပ်ဆောင်မည်''

http://www.myitmakhamediagroup.com/administratorpanel/image/23-10-12-7.JPGပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှုတ်ထွက် NLD ပါတီဝင် ဒေါက်တာ သန်းထိုက်က ပြောသည်။


'' ကျွန်တော်တို့ဆီက ပါတီဝင်အဖြစ်က နှုတ်ထွက်သူတွေကို အခြားပါတီတွေက သူတို့ပါတီဝင်ဖို့ စည်းရုံးတာတွေရှိတယ်။ တကွဲတပြားမဖြစ်အောင်လို့ နှုတ်ထွက်တွေစုပေါင်းလက်မှတ်ထိုးပြီး
ကွန်ယက်ဖွဲ့ဖို့ ကြေညာ လိုက်တာပါ။ အမျိုးသားရေးနဲ့ဒီမိုကရေစီရေးရှေ့ရှုလုပ်ဆောင်သွားမှာပါ'' ဟု ဒေါက်တာသန်းထိုက်က ပေါ်ပြူလာနယူစ်သို့ပြောသည်။
ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် ပါတီမှနှုတ်ထွက်ပွဲကို ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်က ပြုလုပ်ခဲ့ပြီး ပါတီဗဟို၏ ဒီမိုကရေစီနည်းလမ်းမကျစွာ ဆောင်ရွက်မှုများကို
သဘောမကျခြင်းကြောင့်နှုတ်ထွက်ခြင်းဖြစ်ကြောင်းသိရသည်။ 
 
Popular News Myanmar Journal

 

No comments:

Post a Comment