Saturday, October 27, 2012

၂၇.၁၀.၂၀၁၂ ရက်နေ့ ကျောက်တော်မြို့ သတင်းနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သတ်ပြီး ကြေငြာချက်ထုတ်ပြန်

http://thumbnails57.imagebam.com/20473/540aa6204722542.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် မနေ့ကထိ သေဆုံးစာရင်းမှာ (၆) ဦးရှိသွားပြီးဖြစ်ကြောင်းကို RSV သတင်းထောက်မှ အတည်ပြုပေးပါသည်။ ပထမနေ့မှ (၃) ယောက်တွင် ၂၆.၁၀.၂၀၁၂ရက်နေ့က ကျောက်ေ တာ် ပြည်တော် သာရပ်ကွက်မှ အလောင်း(၂)လောင်းကို သင်္ဂြလ်ပြီး
သ၀င်းချောင်းကျေးရွာ အလောင်းတလောင်းကို သူတို့ကျေးရွာသို့ သယ်ဆောင်ယူသွားကြောင်းသိရှိပါသည်။ ယခု နောက်တဖန် အသစ် အလောင်း (၃)လောင်းကို တွေ့ရှိရပြီး ထိုအထဲမှ ကိုမောင်မောင်ဆန်း ၊ အသက် (၂၆) နှစ်အလောင်းကို ပိုက်သည်ဘင်္ဂလီရွာထဲမှ တွေ့ရှိခဲ့ရပြီး ယနေ့ ၂၇.၁၀.၂၀၁၂ ရက်နေ့တွင် သင်္ဂြုလ်မည်ဟု သိရှိရပါသည်။ အတည်မပြုနိုင်သော သတင်းတရပ်အရ ပစ်ခတ်မှုများကြောင့် အသေအပျောက်များလည်းရှိသည်ဟု သိရှိရပါသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သတ်ပြီး ကြေငြာချက်ထုတ်ပြန်

No comments:

Post a Comment